တိုင်းရင်းသားအဖြစ် မသတ်မှတ်တဲ့အတွက် ရိုဟင်ဂျာနာမည်ကို မသုံးဖို့နဲ့ ICJ ရောက် စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ တရားရင်ဆိုင်နေတယ်လို့သာ ထောက်ခံရေးသားဖို့ အကြမ်းဖက်စစ်တပ်က ညွှန်ကြားအမိန့်ပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးနေသယောင် ရေးသားပြီး အခုလို ထုတ်ပြန်ညွှန်ကြားလာတာလည့်း ဖြစ်ပါတယ်။

” တိုင်းရင်းသားအမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြပါရန်၊ Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန်” လို့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ညွှန်ကြားချက်မှာ အချက် ၄ ချက်ပါဝင်ပြီး  ICJ တရားရုံးနဲ့ တရားသူကြီးတွေကို မဝေဖန်ဖို့၊ ရိုဟင်ဂျာအမည်ကို မသုံးဖို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ မရေးသားမဖော်ပြဖို့၊ လက်ကိုင်ဆိုင်းဘုတ်တွေ မလုပ်ဖို့၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံဖို့ စသဖြင့် ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ ၂၇ ရက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ နိုင်ငံတကာတရားရုံး (ICJ) ရောက် မြန်မာကိုယ်စားလှယ်အဖွဲဲကို ထောက်ခံပွဲနဲ့  ဂမ်ဘီယာနိုင်ငံကို ရှုံ့ချပွဲပြုလုပ်မယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်ကို ထောက်ခံတဲ့ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ( YMBA )၊ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်၊ NDNF ထာဝရငြိမ်းချမ်းရေးကွန်ယက်/ အထက် မြန်မာပြည် သာသနာပြုအဖွဲ့ချုပ် ငြိမ်းချမ်းရေးကရုဏာနှလုံးသား ပရဟိတဖောင်ဒေးရှင်း (ICJ) တွေက မြန်မာအဖွဲ့ကိုထောက်ခံတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာ)

ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ကျားဖြူပါတီ၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) တွေလည်း အကြမ်ဖက်စစ်တပ်နဲ့ မြန်မာအဖွဲ့ကို  ထောက်ခံတဲ့အထဲ ပါဝင်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ )မှာ ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ စစ်ကော်မရှင်ဝန်ကြီး နဲ့ ရှေ့နေချုပ်တွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင် နဲ့ ဒေါက်တာသီတာဦး ဦးဆောင်တဲ့ မြန်မာစစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့က ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဖရိကတိုက်ရှိ နိုင်ငံငယ် ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ( ICJ ) မှာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 
Read More

မြန်မာ့အရေးစကားဝိုင်းများတွင် ကမကထပြုပေးသူသာ ဖြစ်သည်ဟု ထိုင်းဆို

စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ဦး အတွက် NUG အလုပ်သမားဝန်ကြီးဌာန လိုက်ပါကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။