စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့ပေါ်က အကြမ်းဖက် စစ်ကော်မရှင်တပ်သား အများစု နေထိုင်တဲ့ ရပ်ကွက်ထဲ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် − ၁ တပ်ရင်းဆီက သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်၊ ရဲ၊ ပျူ၊ SNA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့ ဖောင်းပြင်မြို့ အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ်ရဲစခန်းနဲ့ ပလကဖ အဖွဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အနီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲဒီဓားပြတိုက်မှု ဖြစ်ပွားတဲ့နေအိမ်နဲ့ ဖောင်းပြင် မြို့မရဲစခန်းဟာ မီတာ ၃၀၀ လောက်သာ ကွာဝေးတယ်လို့ဆိုပါတယ်။

ဓားပြတိုက် အနုကြမ်းဝင်စီးသူ ငါးယောက်ဟာ သေနတ်ကိုင်ဆောင်လာပြီး အိမ်ရှင်တွေဆီကနေ ငွေကျပ်သိန်း ၈၀ ယူဆောင်သွားတယ်လို့ သိရပါတယ်။

“အခုလို မြို့ထဲမှာ အရင်က ဓားပြမှုတော့မရှိဘူး။ ဗိုလ်တစ်ကောင် KTVမှာ ရိုက်သတ်ဖူးတာပဲရှိတယ်။ ဓားပြတိုက်ခံရတဲ့ အိမ်ကကုန်ဆုံဆိုင် လူတွေကိုတော့ ဘာမှမလုပ်သွားဘူး။ ဓားပြမှုဖြစ်တော့ ပြည်သူတွေက စိုးရိမ်ထိတ်လန့်မှုတော့ ဖြစ်နေကြတယ်”လို့ မော်လိုက်ခရိုင် အမှတ် − ၁ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဖောင်းပြင်မြို့ပေါ်တွေမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်များစွာ နေထိုင်ကြတာဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့်ကိုလည်း သူတို့တပ်ဖွဲ့ဝင်တွေသာ ကိုင်ဆောင်ခွင့်ရတာလို့ ဆိုပါတယ်။

“မြို့ပေါ်ရပ်ကွက် နှစ်ခုတည်းရှိတဲ့ ဖောင်းပြင်မြို့မှာ လက်နက် ကိုင်ဆောင်ထားတာက၊ သူတို့ စကစ လက်အောက်ခံ တွေရဲ့ ပျူစောထီးရယ်၊ SNA ရယ်၊ ရဲရယ် အဲဒါပဲရှိတယ်။ မီးသတ်တွေ ၊ စစ်မှုထမ်း ဟောင်းတွေ အဲဒါပဲရှိတယ်”လို့ တာဝန်ခံက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ဖောင်းပြင်မြို့ပေါ် ပြည်သူတွေကို အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုဟောင်ရွေးကောက်ပွဲအတွက် မဲမထည့်ကြဖို့ နဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ မော်လိုက်ခရိုင်အမှတ် −၁ တပ်ရင်းက အသိပေးထုတ်ပြန် ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးများ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာ၊ ယူနီယံစီးတီး၊ မြန်မာကွန်မြူနီတီစင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးတွေနဲ့ မေလ ၃၁ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြေပြန့်ဒေသတွင် စစ်ရေးဖော်ဆောင်ဖို့ MDY PDF လူငယ်များကို ဖိတ်ခေါ်နေ 

မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ စစ်ရေးတွေ ဖော်ဆောင်ဖို့ တော်လှန်စစ် ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ခေါ်တယ်လို့ မန္တလေး PDF က မနေ့က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး သေ့​ဘောဘိုးစခန်းကို ​တော်လှန်​ရေးတပ်​များ ဒရုန်းဖြင့် ဗုံးကြဲပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၅၀၀ ကျော် ထိုင်းဘက် တိမ်းရှောင်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲပြီးနောက် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၏ စစ်မြေပြင် ဆေးပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်ဆေးဌာနက ဖွင့်လှစ်တဲ့ စစ်မြေပြင်အခြေပြု အခြေခံ ဆေးပညာသင်တန်း အပတ်စဥ် (၁/၂၀၂၅) ကို ပဲခူးတိုင်းစစ်ဌာန၊ စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။