ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာရှိတဲ့ စစ်သုံ့ပန့် စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ကလေးငယ်တွေ အပါအဝင် စစ်သုံ့ပန့်နဲ့ မိသားစုဝင် ၂၁ ဦး သေဆုံးပြီး ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ည ၇ နာရီခွဲဝန်းကျင်အချိန်မှာ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာ အနောက်ဘက် စစ်သုံ့ပန့်တွေ ထားတဲ့နေရာကို စစ်တပ်က တိုက်လေယာဉ် ၂ စီးနဲ့ တစ်နေရာကို ဗုံး ၂ လုံးစီ ရှေ့ဆင့်နောက်ဆင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်သုံ့ပန့်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဆေးကုသပေးနေတဲ့ ဆေးခန်းအပါအဝင် နေရာ ၃ နေရာကို ဗုံး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သုံ့ပန်းတွေအပါအဝင် မိသားစုဝင် ၂၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကာ ၃၀ ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်ခံရသူတွေဟာ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ သူတို့ကို မကြာခင် ပြန်လွှတ်ပေးဖို့ စီစဉ်ထား ပေမယ့် အကြမ်းဖက်စစ်တပ် ဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တာကို သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ သေဆုံး၊ ဒဏ်ရာရရှိသူတွေရဲ့ အသေးစိတ်စာရင်းကို ပြုစုနေပြီး နောက်ဆက်တွဲ သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ အေအေက ဆိုထားပါတယ်။

(ဓာတ်ပုံ အာရက္ခမင်းသမီး မီဒီယာ)

0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချောင်းဦးနှင့် မုံရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးများ ပစ်ခတ်မှု ၃ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution News က သတင်းဖော်ပြထားပါတယ်။