ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင် (ခ) နဂါးကြီးကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဆီ ကိုယ်တိုင် အပ်နှံခဲ့တယ်လို့ သိရပါတယ်။

မဲဆောက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး ကလည်း ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကိုယ်တိုင်လာရောက် အပ်နှံခဲ့ကြောင်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်မှာ မဲဆောက်မြို့၊ မယ်ကုကျေးရွာ၊ 7-Eleven စတိုးဆိုင်အနီးမှာ လက်နက်သယ်ဆောင်လာတဲ့ မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးဖို့ ကြိုးပမ်းစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းလာသူ ကိုနိုင်လင်းအောင်က သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ ထိုင်းရဲအရာရှိတစ်ဦး ဝမ်းဗိုက်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းရဲတပ်ဖွဲ့ထံလာရောက်အပ်နှံခဲ့စဉ် (ဓာတ်ပုံ Tanaphoom Wongprasert)

အဲဒီဖြစ်စဉ်အတွင်း ဆိုင်ကယ်မောင်းနှင်သူကို ထိုင်းရဲက ချက်ချင်းဖမ်းဆီးရမိခဲ့ပေမယ့် ပစ်ခတ်သူ ကိုနိုင်လင်းအောင်ကိုတော့ ဖမ်းဆီးရမိခဲ့တာ မရှိခဲ့လို့ရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးခဲ့တဲ့ ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ကိုယ်တိုင် မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စု၊ မဲကုန်းကဲန်ကျေးရွာက ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကျူးလွန်သူ ကိုနိုင်လင်းအောင်ဟာ စားဝတ်နေရေး ခက်ခဲမှုနဲ့ ငွေကြေးလိမ်လည်ခံရမှုတွေကြောင့် အခုလို လက်နက်သယ်ဆောင်တဲ့ အလုပ်ကို လုပ်ကိုင်မိတာဖြစ်ကြောင်းကို မိသားစုဝင်တွေကနေ သတင်းဌာနတွေကို ဖြေကြားထားချက်အရ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲပြီး စစ်ဒဏ်သင့်ဒေသများတွင် ငြိမ်းချမ်းရေးရရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်အခတ်ရပ်စဲသွားပြီး ကမ္ဘာပေါ်က စစ်ဒဏ်သင့်နေရာတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီးက အောက်တိုဘာလ ၁၉ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Vatican News မှာ ဖော်ပြထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရိုဟင်ဂျာ ၄၀ ကျော်ကို ပင်လယ်ထဲပစ်ချခဲ့သည်ဟု အိန္ဒိယအာဏာပိုင်များ စွပ်စွဲခံရ

လူ့အခွင့်အရေးရုံးက ဒါဟာ “အသိစိတ်မရှိတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေပဲ” လို့ ဆိုထားပြီး ဒီအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက် ခန့်ထားတယ်လို့ ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။ ဒါ့အပြင် “ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ပြန်ပို့တာအပါအဝင် လူမဆန်စွာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဆက်ဆံမှုမျိုးတွေ ရှောင်ရှားဖို့” ကုလသမဂ္ဂအေဂျင်စီက အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းကို ခွင့်ပြုထားခဲ့သည့် BGF၊ စစ်ကော်မရှင်တပ်က ဖိအားများကြောင့် ရွှေကုက္ကိုလ်ကို ပြန်စီးနင်း၊ ကျားဖြန့် ၃၅၀ နီးပါး အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုလ်မြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။