မကွေးတိုင်း ၊ ထီးလင်းမြို့ .တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၅၁) တပ်ရင်းက စစ်မှုထမ်းတပ်သား တစ်ယောက်လက်နက်နဲ့  အလင်းဝင်ရောက်ခဲ့တယ်လို့ Yaw Revolution Army – ထီးလင်းဆီက သိရပါတယ်။

အလင်းဝင်ရောက်လာသူ ကိုအောင်ကျော်မင်း ဟာ ဇန်နဝါရီ ၁၃ ရက်နေ့က Mi 17 နဲ့ ထီးလင်းမြို့ကို ပို့ဆောင်ခံရပြီး အဲဒီနေ့မှာပဲ ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)− YRA ထီးလင်းဆီ ချိတ်ဆက်ကာ MA 3 တစ်လက်ကိုယူဆောင် ထွက်ပြေးခဲ့ တာလို့ ဆိုပါတယ်။

“ဒီလ ၁၃ ရက်နေ့မှာ ထီးလင်းကိုရောက်တယ်။ ရောက်လာတာ နဲ့ ကျွန်တော်တို့နဲ့ ချိန်းဆို ပြီးထွက်ပြေး ခဲ့တာပါ။  အခက်အခဲတော့ ထွေထွေထူးထူးမရှိခဲ့ပါဘူး။ချိတ်ဆက်တာလည်း အသေးစိတ်ပြောလို့ မကောင်းဘူး။  သူ့ကိုကြိုဆိုရတာလည်း လွယ်ပါတယ်”လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ ၊ ၁၇ YRA ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ Yaw Revolution Army)

အခုလို လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တဲ့ အတွက် ကိုအောင်ကျော်မင်းကို ငွေကြေးသိန်း ၂၀ ချီးမြှင့်ခဲ့ပြီး ရှေ့ဆက် ဘယ်လို ဆက်လုပ်သွားမယ်ဆိုတာကို တော့ မပြောသေးဘူးလို့ ဆိုပါတယ်။

ကိုအောင်ကျော်မင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ ပေါ်တာဆွဲခံရတာဖြစ်ပြီး  အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ သူ့ရဲ့မိသားစုဝင်တွေကို ငွေသိန်း ၂၀၀ နဲ့ ပြန်လည်ရွေးယူခိုင်းပေမယ့် မိသားစုဝင်တွေက မရွေးနိုင်တာကြောင့် စစ်မှုထမ်းဆောင်ခဲ့ရတာ လို့သိရပါတယ်။

သူဟာ ဟာတောင်ကြီးမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး  လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက လိုအပ်တာတွေကူညီဆောင်ရွက် ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

သံတောင်ကြီးမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိ…

ပဲခူးတိုင်းအတွင်းက လမ်းပိုင်းတစ်နေရာမှာ သင်တန်းတက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးအဆင့်ရှိသူကို မိသားစုဝင်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်း စစ်ဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

မြဝတီမြို့အနီး စစ်ကောင်စီက လေယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိထား

ကရင်ပြည်နယ်၊ မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးနေတယ်လို့ ဒေသခံရဲ့အဆိုကို ကိုးကားပြီး မောင်းမီဒီယာမှာ မနေ့က ကနဦးသတင်းဖော်ပြခဲ့ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဇန်နဝါရီလ ပထမပတ်အတွင်း အကြမ်းဖက် စစ်တပ်မှ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်၊ လက်နက်ချ၊  စစ်သုံ့ပန်း   ၅၅ ဦး ရှိခဲ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ယောက် ရှိခဲ့တယ် လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဇန်နဝါရီ ၁၅ မှာ ထုတ်ပြန်ထား ပါတယ်။
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငဖဲ- စေတုတ္တရာ လမ်းပိုင်းက အရပ်သားကားများ တိုက်ခိုက်ခံရမှု တော်လှန်ရေးတပ်များ လုပ်ဆောင်တာမဟုတ်ကြောင်း စေတုတ္တရာ ပကဖ ထုတ်ပြန်…

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ငဖဲ-စေတုတ္တရာလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ ပက်သက်ပြီး စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။