၂၀၂၅ခုနှစ်အတွင်း ရန်ကုန်မြို့ လမ်းမတွေ ပေါ် ရှိနေတဲ့အချိန် ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူ အယောက် ၈၄၀ ရှိတယ်လို့ Rangoon Scout Network – RSN က သတင်း ထုတ်ပြန်ထားပါတယ်။

RSN ရဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ထုတ်ပြန်ချက်မှာ “တွေ့ရာရမ်းသမ်း လိုက်ဆွဲရာမှ ဖမ်းဆီးခံခဲ့ရသူ ၈၄၀ ဦး ရှိသည်။ လမ်းမပေါ် သွားလာနေစဉ် ဆွဲခေါ်ဖမ်းဆီးခံရသူ ၅၉၇ ဦး၊ လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၁၇၂ ဦး၊ ဆိုင်ထိုင်နေစဉ် ဝင်ဖမ်းဆီးခံရသူ ၆၂ ဦးနှင့် ကားထဲထိုင်နေစဉ် ဖမ်းဆီးခံရသူ ၉ ဦးတို့ဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်နှစ်အတွင်း ရန်ကုန်မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးတာခံရသူတွေ ထဲက ၂၀၃၅ ဦးကို RSN က သိရှိခဲ့ကာ သူတို့ထဲက ၂၈၂ ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ၂၉၄ ဦးကို အကျဉ်းထောင်တွေနဲ့ စစ်မှုထမ်း သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခဲ့ကာ ကျန်တဲ့ ၁၄၅၉ ဦးရဲ့ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲ အခြေအနေကို မသိရှိရဘူးလို့ RSN က ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုကိုကျွန်းမြို့နယ်ကအပ ကျန်တဲ့ ၄၄ မြို့နယ်မှာ အဖမ်းအဆီးခံရ တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သာကေတမြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ် အများဆုံး ဖြစ်ပြီးစုစုပေါင်း ၁၅၃ ဦး ဖမ်းဆီးခံခဲ့ရကာ မြောက်ဒဂုံမြို့နယ်မှာ ၁၁၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ လှိုင်နဲ့ တာမွေမြို့နယ်တွေမှာ လူ ၁၀၀ ဦးဝန်းကျင်စီ ဖမ်းဆီးခံခဲ့ရတယ်လို့ လည်းသိရပါတယ်။

ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ အလုံ၊ သန်လျင်၊ ကမာရွတ်၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ရွှေပြည်သာ၊ တောင်ဒဂုံနဲ့ ရန်ကင်း မြို့နယ်တွေမှာလည်း လူ ၅၀ ဦးကနေ ၁၀၀ ဦး ကြားစီ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ကျန်တဲ့ မြို့နယ်တွေမှာတော့ လူ ၁ ဦးကနေ ၅၀ ဦးကြားစီ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် ကဖမ်းစီးတဲ့ အထဲမှာ အကြောင်းပြ / ရှာပြီး ဖမ်းဆီးခြင်းခံခဲ့ရသူ ၄၄၀ ဦး ရှိပြီး နေရပ်လိပ်စာထိ လိုက်လံရှာဖွေဖမ်းဆီးခံရသူ ၄၂၀ ဦး၊ သတင်းရပြီး လမ်းပေါ် စောင့်ဆိုင်းဖမ်းဆီးခံရသူ ၁၉ ဦး နဲ့ လမ်းပေါ် ဆန္ဒပြနေတယ်လို့ ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင့် ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးခံရသူ ၄၉၀ ဦး ရှိကာ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၃၀၁ ဦး၊ လမ်းပေါ်လမ်းလျှောက်သွားလာစဉ် ခေါ်စစ်ပြီး ဖမ်းဆီးခံရသူ ၁၂၀ ဦး၊ ယာဉ်တားစစ်ပြီး ဖမ်းဆီးခံရသူ ၁၄ ဦး၊ ဖုန်းယူစစ်ပြီး ဖမ်းဆီးခံရသူ ၄၁ ဦးနဲ့ မြေငလျင်ဘေးအတွက် အလှူခံလို့ဆိုပြီး ဖမ်းဆီးခံရသူ ၁၄ ဦး ရှိတယ်လို့ ဆိုပါတယ်။

လိမ်လည်ခေါ်ယူပြီး ဖမ်းဆီးခံခဲ့ရသူ ၂၅ ဦး ရှိပြီး အလုပ်ရှိသည်ဟု မျှားပြီး ဖမ်းဆီးခံရသူ ၁၆ ဦး၊ ကားဖြင့်လိုက်ပို့ပေးမည်ဟု လိမ်ခေါ်ပြီး ဖမ်းဆီးခံရသူ ၃ ဦး၊ ပြည့်တန်ဆာဖြင့်မျှားပြီး ဖမ်းဆီးခံရသူ ၄ ဦး၊ မှတ်ပုံတင်လုပ်ပေးမည်ဟု လိမ်ခေါ်ပြီး ဖမ်းဆီးခံရသူ ၁ ဦး နဲ့ မူးယစ်ဆေး လိမ်ကျွေးပြီး ဖမ်းဆီးခံရသူ ၁ ဦးတို့လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဇွန်လအတွင်း ဖယ်ခုံမြို့နယ်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၅ ဦးထက်မနည်း သေဆုံးဟု ဖယ်ခုံ PDF ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်၊ PNO/PNA ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်တွင် အကြမ်းဖက်စစ်ကြောင်း ၃ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းခွဲထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စု အထိနာပြီး လေကြောင်းပစ်ကူသုံးခဲ့ရ

မကွေးတိုင်း၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး လေယာဥ်ပစ်ကူပေးခဲ့ရကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။
Read More

တောင်ငူ၊ ပဒဲကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝေဟင်ကရော မြေပြင်ကပါ တိုက်ခိုက်၊ ၁၀ ဦးသေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ…

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ အနီးကပ်ပစ်ခတ်တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်​ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ၊ သေနတ်သံကြောင့် ထွက်ကြည့်တဲ့ ရဲတွေပါ ပစ်ခတ်ခံလို့ ထွက်ပြေးရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယမ်းချက်စက်ရုံဘက်ကနေ လုံးခင်းကိုလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို သြဂုတ်လ ၂၄ ရက်မှာ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။