မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး အကြမ်းဖက်စစ်တပ် စကခ (၁၉) လက်အောက်ခံ ခမရ (၅၈၈) တပ်ရင်းက တပ်သား (၃) ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ ရေးပြောက်ကျားတပ် (YGF) က သတင်းထုတ်ပြန် ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီကို စစ်မှုထမ်းတပ်သား ၃ ဦးဟာ ကျည်ဘောက် (၂) ဘောက်နဲ့ ကျည်ဆန် (၁၀၀) တောင့် ယူဆောင်ကာ လာရောက် ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

“သူတို့တွေက အတင်းအဓမ္မ စစ်မှုထမ်းခံရတဲ့ သူတွေပါ၊ သူတို့အနေနဲ့ တာဝန်ဆက်ထမ်းမယ်လို့တော့ ပြောတယ်။ မပြေးခင်ကတည်းက ကျွန်တော်တို့နဲ့ ချိတ်ဆက်ခဲ့တာပါ။ ချိတ်ဆက်မှုကိုတော့ မပြောတော့ပါဘူး။ အချိန်မှီ အလင်းဝင်လာတဲ့အတွက် ဝမ်းသာပါတယ်။ နောက်ထပ်လည်း ဒီထက်ပိုပြီး ပြည်သူ့ဘက်ကို ရပ်တည်ကြဖို့ ပြောကြားလိုပါတယ်” လို့ YGF တပ်ဖွဲ့ တာဝန်ရှိသူ တဦးက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်ဝင်လာ ၃ ဦးနှင့် ဗိုလ်ကျန်ရစ်ကို တွေ့ရစဉ် (ဓာတ်ပုံ YGF)



အလင်းဝင်ရောက် လာသူတွေကတော့ တပ်သား ကျော်ဝင်းထွဋ်၊ တပ်သား ရဲကိုလတ်၊ တပ်သား မင်းအာကာတို့ ဖြစ်ပြီး သူတို့ ၃ ဦးလုံးဟာ စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း ခံခဲ့ရသူတွေဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဉ် (၁၆) က သင်တန်းဆင်း ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရေးပြောက်ကျားတပ် (YGF) တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ်ကလည်း “အခုလို နှစ်သစ်မှာ ပြည်သူ့ ဘက်တော်သားအဖြစ် ခိုလှုံလာသူတွေကို နွေးထွေးစွာ ကြိုဆိုပါတယ်။ အတင်း အဓမ္မ စုဆောင်းခံထားရတဲ့ တပ်သားတွေ အနေနဲ့လည်း အချိန်မနှောင်းခင် ပြည်သူတွေနဲ့ အမြန်ဆုံး ပူးပေါင်းပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တော်လှန်ရေး အမြန်ဆုံးပြီးဆုံးဖို့အတွက် ကျရာ နေရာကနေ ဝိုင်းဝန်း တွန်းလှန်ကြဖို့နဲ့ စစ်တပ်အတွင်း ကျန်ရှိနေသူတွေ အနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့လည်း YGF ကနေ နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ဘေးရှောင်များရှိရာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်​သေးဘဲ အခက်တွေ့နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ…

" သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။" လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သီပေါနဲ့ လားရှိုးကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။