စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းတိုက်နယ်မှာစစ်အုပ်စုတပ်စွဲထားတဲ့ မြသိန်းတန်ဘုရားနဲ့ မင်းကွန်းရဲစခန်းတို့ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၀၀နီးပါးရှိတဲ့ အဲ့ဒီ နေရာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းက တော်လှန်ရေးတပ်တွေ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ဘန်ကာ တလုံးကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန် အပြန်အလှစ်ပစ်ခတ်မှု ၂နာရီ နီးပါးကြာမြင့် ခဲ့ကာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အတည်မပြုနိုင်သေးဘူးလို့လည်း No More Dictatorship People Defence Force တာဝန်ရှိသူက ပြောပါတယ်။

မင်းကွန်းဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဥ် (စာတ်ပုံ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့)

“သိမ်းဖို့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နယ်မြေအနေအထားအရ အရေးမသာလို့ ပြန်ဆုတ်ခဲ့လိုက်ရပါတယ်။ တိုက်ပွဲကြာချိန် ၂ နာရီထဲ ကျနော်တို့ NMD က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရပါဘူး။ စစ်တပ် ဘက်က ထိခိုက်မှုအတည် မပြုနိုင်သေးဘူး” လို့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နဲ့အတူ Mingun PDF၊  မင်းကွန်းတိုက်နယ် ပကဖ၊ ပလဖနဲ့ People Servant Force၊ ရတနာပုံတပ်ဦး၊ No More Dictatorship(NMD)၊ GS Force၊ ဥဒေါင်းမင်း၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇေယျသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လယ်သမားတော်လှန်ရေးအဖွဲ့ (FRF)နဲ့ မဟူရာရွှေဘိုသား PDF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်စခန်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ထိုးစစ်ကို စပါးရိတ်သိမ်းရာသီနှင့် စစ်ရှောင်အခက်အခဲများကြောင့် ရပ်ဆိုင်းထား

အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံ

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။