အာဏာသိမ်းစစ်တပ်က လုံခြုံရေးအခြေအနေကြောင့် အပိုင်းလိုက်ကျင်းပနေရတဲ့ အတုအယောင် ရွေးကောက်ပွဲရဲ့ နောက်ဆုံးအကြိမ်မှာ ပြည်သူတွေအနေနဲ့ စိတ်အေးချမ်းစွာ မဲပေးနိုင်ဖို့ စစ်တပ်၊ ပြည်သူ့စစ်အပါအဝင် အဖွဲ့အစည်းအစုံက စောင့်ကြည့်လိမ့်မယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးက ဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၂၀ ရက်နေ့က ကျင်းပတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းဝေးမှာ ယင်းကော်မတီဥက္ကဌ စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က အဲဒီလို ပြောကြားထားတယ်လို့ သိရတာပါ။

လာမယ့်ရွေးကောက်ပွဲ အပိုင်း ၃ မှာ မဲဆန္ဒရှင်ပြည်သူတွေ စိတ်အေးချမ်းသာစွာ လုံခြုံစွာမဲပေးနိုင်ဖို့ စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်ထဲရေးအောက်က ဦးစီးဌာနတွေ အင်အားဖြည့်ပါဝင်မယ်လို့ သူက ဆိုပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာ)
(ဓာတ်ပုံ စစ်အုပ်စုမီဒီယာ)

“အပိုင်း ၂ တုန်းက မဲပေးရတဲ့အထဲပါတယ်။ ရပ်ကွက်မှာသိနေတဲ့လူဆိုတော့ မဲသွားပေးရတယ်။ မဲရုံနားအပတ်ဝန်းကျင်မှာ လမ်းတစ်လမ်းပဲဖွင့်ထားတယ်။ ကျန်တဲ့လာလို့ရတဲ့လမ်းပိတ်ထားတယ်။ လမ်းထိပ်တွေမှာ အင်္ကျီအဖြူနဲ့ ပလေကပ်ပုဆိုးဝတ်ထားတဲ့ မျက်နှာခပ်ထန်ထန်တဲ့ရုပ်နဲ့‌ ယောင်္ကျားတွေ စောင့်နေတာရှိတယ်။ သူတို့က ဟိန်းလိုက် ဟောက်လိုက်နဲ့ လူတွေကို” လို့ ရွှေပြည်သာမြို့နယ် နေထိုင်သူတစ်ဦးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ တုန်းက မဲရုံတွေအနီးမှ စစ်ကော်မရှင်စစ်သားတွေကို မတွေ့ရပေမယ့် အရပ်ဝတ်၊ ပြည်သူ့စစ်ပုံစံနဲ့ လူအများအပြားတွေကို တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကလည်း ပြောဆိုပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိဖို့အတွက် ရွေးကောက်ပွဲတစ်ခုကို အတင်းအကျပ် ကြိးပမ်းပြုလုပ်နေတာဖြစ်ပြီး၊ အဆိုပါ ရွေးကောက်ပွဲအတုကာလအတွင်းမှာ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ ဦးနဲ့ စုစုပေါင်း ၄၀၄ ဦးရှိတယ်လို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာ)
0 Shares:
You May Also Like
Read More

ရေး၊ ကျုံလောင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 
Read More

ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် အရပ်သား အမျိုးသမီး ၇၈ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တိုက်နယ်(၅)ပကဖ အဖွဲ့က ထမင်းထုပ်ဝေတာအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာတွင် လက်နက်တပ်ဆင်ပေးထားသည့် အပြာဝတ် ရလဖများအား စစ်ကောင်စီ ပိုမိုအသုံးပြုလာ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။