မကွေးတိုင်း စလင်းမြို့နယ် ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးနေရတယ်လို့  ပြည်သူ့ ညီနောင် – စလင်းက ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက စလင်းမြို့နယ် ရှားတေားကျေးရွာ၊ ​ကျောက်ရဲတုန်းကျေးရွာနဲ့ အောက်လှိုင်းကျေးရွာတွေမှာ တိုက်ပွဲအဖြစ်ပွားခြင်းဘဲ အကြမ်းဖက်စစ်တပ်က ကြိမ်မြောင်းကျေးရွာ သင်္ချိုင်းဘက်ကနေ အထိုင်ချပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်၊ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေကလည်း ပန်းတိမ်ကုန်း၊ ကညှပ်၊  နောင်တော်လေး၊ နောင်တော်ကြီး၊  ဥယျာဥ်စု၊ ပန်းတောကျေး​ရွာနဲ့ ကျောက်ခဲကုန်းကျေးရွာတွေကို အကြမ်း ဖက်စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Video – ပြည်သူ့ ညီနောင် – စလင်း

0 Shares:
You May Also Like
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။
Read More

ကော်သူးလေထိန်းချုပ်နယ်မြေ သောင်ရင်းမြစ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ရဲဘော်ရဲဘက်များအတွက် ဂုဏ်ပြုပွဲကျင်းပ (ရုပ်/သံ)

ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်တပ်သံပြားကာယာဉ် ၆ စီးကို ပဒေသာမိုင်း ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၆ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ် ၆ စီး ယာဉ်တန်းကို ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။