ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံရသူ အမျိုးသား တဦးဟာ မြန်မာပြည်ကို စစ်မှုထမ်းတပ်သားအဖြစ် ပြန်လည် ပို့ဆောင်ခံရပြီး ရေး (ပကဖ) ဆီကို အလင်း ဝင်ရောက်လာတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅၊ ဇွန်လ မှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်ခွာလာတဲ့ ကိုနိုင်လင်း (အမည်လွဲ) အသက် ၂၄ နှစ်ဟာ တရားမဝင်လုပ်သားအဖြစ် ထိုင်းနိုင်ငံ၊ ချွန်းဖောမြို့မှာ ထိုင်းအစိုးရရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက်မှာ ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ကို စစ်မှုထမ်း တပ်သားအဖြစ် ပြန်လည် ပို့ဆောင်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရချိန်မှာ ကိုနိုင်လင်းအပါအဝင် ၅ ဦး ဖြစ်ပြီး မြန်မာပြည်ကို ပြန်ပို့ရာမှာတော့ အယောက် ၂၀ လောက်ရှိရာကနေ ကော့သောင်းမြို့ကို အရောက်မှာတော့ စစ်မှုထမ်းတပ်သားအဖြစ် ပြန်ပို့ခံရသူ အယောက် ၁၀၀ ကျော် ရှိနေတာကို တွေ့ခဲ့ရတယ်လို့ ကိုနိုင်လင်းက ဆိုပါတယ်။ 

“ကျွန်တော်တို့ အဖမ်းခံရတာကတော့ ၅ ယောက်ပဲ၊ ထိုင်းမှာ အဖမ်းခံရတာက ၂၄ ရက်၊ မြန်မာပြည်ကို ပို့တဲ့ အချိန်မှာ အ‌ယောက် ၂၀ ကျော်လောက်ဖြစ်သွားပြီ။  ရနှောင်းအချုပ်မှာက ၁၁ ရက်ကြာတယ်။  မြန်မာပြည် ကော့သောင်းကို​ပြန် ပို့တာာပါ။ လဝက စီစဉ်တဲ့ မိုးလုံလေလုံကွင်းမှာ နေရပါတယ်။ အဲ့မှာ စစ်မှုထမ်းအဖြစ် အပို့ခံရသူ အယောက် ၁၀၀ ကျော်လောက် ရှိနေပါတယ်” လို့ ကိုနိုင်လင်းက အခြေအနေတွေကို ရှင်းပြပါတယ်။ 

ကိုနိုင်လင်းဟာ ကော့သောင်းက တပ်ရင်း ၃၄၁ ဆီကို စစ်မှုထမ်းတပ်သားအဖြစ် ၁၀ ရက်နီးပါး ထန်းသိမ်းခံခဲ့ရပြီးနောက် ဘိတ်ခရိုင်၊ ကျွန်းစုက ၅၇ ရေတပ် လေ့ကျင့်ရေးတပ်ကို အပို့ခံရကာ ၃လ စစ်သတင်တန်း တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်မှုထပ်သားအဖြစ် ထိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရသူ ကိုနိုင်လင်း (အမည်လွဲ)

အဲဒီနောက်မှာမှ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ မော့ကနင် ကျေးရွာက အမှတ် ၁၉ စစ်ဆင်ကွတ်ကဲမှု ဌာနချုပ်မှာ မွမ်းမံ သင်တန်း ၃ ပတ် တက်ခဲ့ရပြီး ခလရ ၁၀၆ ကို တာဝန်ထမ်းဆောင်ဖို့ ပို့ဆောင်ခံခဲ့ရတာလို့ သိရပါတယ်။ 

သူဟာ ခလရ ၁၀၆ တပ်အတွင်း စားဖိုဆောင်မှာ တာဝန်ကျခဲ့တာကြောင့် ရှေ့တန်းစစ်ဆင်ရေးတွေ မလိုက်ခဲ့ရတဲ့အပြင် ဖုန်းသုံးခွင့် ရခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူ PDF တပ်ဖွဲ့ဝင်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ဆီကို ထွက်ပြေးဖို့အတွက် ချိတ်ဆက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ ပြည်သူတွေကို ညှင်းပန်းနှိပ်စက်တာတွေ တွေ့ပြီး ကျွန်တော် ထွက်ပြေးဖို့ စီစဉ်တာပါ။ သူငယ်ချင်းက PDF ထဲရောက်နေတော့ သူကတဆင့် ပြည်သူ့ရင်ခွင်နဲ့ အဆက်သွယ်ရတယ်။ အဲ့ကနေမှ တဆင့် ရေး (ပကဖ) နဲ့ အချိတ်အဆက် ရခဲ့ပါတယ်။ ပြီးတော့မှ ကျွန်တော် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တပ်ထဲကနေ ထွက်ပြေးလာတာပါ။ လက်နက်က ရှေ့တန်းထွက်သူတွေပဲ ကိုင်ရတာဆိုတော့ လက်နက်တော့ မပါခဲ့ပါဘူး။ သူတို့လည်း ကျွန်တော့်ကို လိုက်မရှာကြဘူး။ ဒါပေမယ့် ဂိတ်တွေကိုတော့ ဖုန်းနဲ့ အကြောင်းကြားတာတွေတော့ ရှိရင် ရှိမှာပေါ့” လို့ ကိုနိုင်လင်းက ဆိုပါတယ်။ 

လက်ရှိမှာတော့ ကိုနိုင်လင်းဟာ ရေး (ပကဖ)မှာ ခိုလှုံနေပြီး ဆန္ဒအတိုင်း ဆွေမျိုးမိဘတွေရှိရာ ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာဖို့ အတွက်လည်း ရေး (ပကဖ) ရဲ့ တာဝန်ရှိသူတွေက ငွေကြေးအပြင် ချိတ်ဆက်မှုကိုပါ စီစဉ်နေတယ်လို့ သိရပါတယ်။ 

0 Shares:
You May Also Like
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြဝတီ နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီး နိုင်သူရ ဖမ်းဆီးခံရ၊ စစ်ဆေးချိန် ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်းမှာ မြဝတီနယ်ခြားစောင့်တပ်က ဗိုလ်ကြီး နိုင်သူရ ဆိုသူကို ဖမ်းဆီးရမိပြီး စခန်းခေါ်ယူစစ်ဆေးရာမှာ လက်နက်လု ခုခံတဲ့အတွက် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် - တပ်ရင်း ၃ (တောင်တွင်းကြီး) ပြန်ကြားရေးဌာနတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကိုဗစ်ချေးငွေပြန်မဆပ်သည့် လုပ်ငန်းများကို သတင်းစာမှာ အမည်နှင့်တကွ ကြေညာမည် ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကိုဗစ် ချေးငွေတွေကို လက်ရှိအချိန်အထိ ပြန်မဆပ်နိုင်သေးတဲ့ လုပ်ငန်းတွေကို သတင်းစာတွေကတဆင့် ထည့်သွင်းကြေညာတော့မယ်လို့ စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။