ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ မိုင်း Error (ချို့ယွင်းချက်)ဖြစ်ပြီး ပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ YOMA (GBK) PDF တပ်ဖွဲ့ရဲ့ တပ်စုမှူးရဲဘော် ကြယ်ကြီးနဲ့ ရဲဘော် ရှိုင်းလေးတို့ကို အစဥ်အောက်မေ့ သတိရနေမယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက ကြို့ပင်ကောက်မြို့နယ်၊ လမ်းပိုင်းတစ်နေရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မလာရောက်ခင် ရဲဘော်ကြယ်ကြီး၊  ရဲဘော်ရှိုင်းလေးတို့ အပါအဝင် YOMA (GBK) PDF တပ်ဖွဲ့ဝင် ၄ ယောက်ဟာ ပဒေသာမိုင်းတွေသွား ရောက်တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို လုပ်ဆောင်နေချိန် မိုင်းတွေ ချို့ယွင်းချက်(Error) ဖြစ်ပေါ်ကာ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ပြီး YOMA (GBK) PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်စေခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁) ရဲ့ တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။ 

” မိုင်းက ဘယ်လို Error တက်လဲဆိုတာတော့ အသေးစိတ် မသိရဘူး။ ဒါပေမယ့် သူတို့ထောင်တာက ပဒေသာမိုင်းဖြစ်တော့ ၄ ယောက်သွားတာ၊ အဲ့မှာမိုင်းပြန်ရှင်းရင်း ဖြစ်တယ်လို့ သိရတယ်။ ၂ ယောက်ကျတယ်။ ၂ ယောက်က ဒဏ်ရာရတယ်” လို့  မောင်းကို ပြောပါတယ်။

ကျဆုံးခဲသူတွေဟာ တပ်ခွဲအတွက် အားအကိုး ရဆုံးသူတွေဖြစ်တာကြောင့် ဆုံးရှုံးမှုကြီးမားခဲ့တယ်လို့ လည်း ကရင်လေးက ပြောဆိုပါတယ်။ 

” တပ်စုမှူးကြယ်ကြီးက ကျွန်တော်တို့ ဆီဝင်လာတာ ၃ နှစ်ခွဲ၊ ၄နှစ်ထဲတောင် ရှိပါပြီ။  ရဲဘော် ရှိုင်းလေးက ၁ နှစ်ခွဲပါ။ တပ်ဖွဲ့အတွက် အားအကိုးရဆုံး ရဲဘော်တွေဖြစ်တဲ့အတွက် ကြီးမားတဲ့ဆုံးဆုံးရှုံးမှုလို့ ပြောချင်ပါတယ်” လို့ ကရင်လေးက ပြောပါတယ်။ 

အဲ့ဒီဖြစ်စဥ် ဖြစ်ပွားအပြီး ဇန်နဝါရီလ အတွင်းမှာပဲ ကြို့ပင်ကောက်မြို့နယ်ထဲက မီးကောက်ပင်ကျေးရွာ စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက် ခဲ့ပါသေးတယ်။

တပ်စုမှူး ရဲဘော်ကြယ်ကြီးနဲ့ ရဲဘော်ရှိုင်းလေးတို့ရဲ့ တစ်လပြည့် ဆွမ်းသွပ်တာကိုလည်း လာမယ့်ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကျဆုံးခဲ့သည့် ရဲဘော်ကြယ်ကြီးနှင့် ရဲဘော်ရှိုင်းလေး (ဓာတ်ပုံ YOMA (GBK) PDF)

0 Shares:
You May Also Like
Read More

ဖောင်းပြင်မြို့ ပေါ်တွင် စစ်ကော်မရှင် တပ်သားများစွာနေထိုင်သည့် ရပ်ကွက် ဓားပြတိုက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့ပေါ်က အကြမ်းဖက် စစ်ကော်မရှင်တပ်သား အများစု နေထိုင်တဲ့ ရပ်ကွက်ထဲ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် − ၁ တပ်ရင်းဆီက သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ခိုင်မာဖို့ လိုအပ်ကြောင်း ချင်းညီနောင် တစ်နှစ်ပြည့်အခမ်းအနားမှာ NUG ယာယီသမ္မတ ပြောကြား

စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ခိုင်မာ အားကောင်းနေဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီတပ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွင် ကျဆုံးဟု CRPH ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မယ်သမီခီး (ထီးခီး) ကျေးရွာကို စစ်အုပ်စု ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းရှိ စစ်ရှောင်စခန်း (၅)ခုကို PDF TRI ဗျူဟာ ရိက္ခာထောက်ပံ့၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှုများ ပေးခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင် စခန်း (၅)ခုကို ရိက္ခာ ထောက်ပံ့ခဲ့ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုတွေ ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။