ရန်ကုန်မြို့က ဖျော်ဖြေပွဲတစ်ခုမှာ လိင်အသားပေး Sexy Dance အကနဲ့ ဖျော်ဖြေခဲ့တယ်ဆိုပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့​ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ရန်ကုန်မြို့၊ ပြည်လမ်း၊ နိုဗိုတယ်​ ဟိုတယ်မှာ ပြုလုပ်တဲ့ ” Cloud Seven Production & Entertainment” ရဲ့ ပွဲအခမ်းအနားမှာ သရုပ်ဆောင်သင်ဇာဝင့်ကျော်က လိင်အသားပေး အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုဖျော်ဖြေထားတဲ့ ရုပ်သံဖိုင်ဟာ လူမူကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်  ကမာရွတ်ရဲ စခန်းမှူးက တရားလိုလုပ်ပြီး ပုဒ်မ ၂၉၄(က)/၁၁၄ နဲ့ သင်ဇာဝင့်ကျော်ကို အမှုဖွင့်အရေးယူထားတယ်လို့ သိရတာပါ။

သင်ဇာဝင့်ကျော်ဟာ အဲ့ဒီဖျော်ဖြေပွဲမှာ မြန်မာ့ယဥ်ကျေးမှုကိုဆန့်ကျင်တဲ့ အဝတ်အစားဝတ်ဆင်ပြီး အများပြည်သူ အမြင်မတင်ဖွယ်ရာဖြစ်စေတဲ့လိင်အသားပေး Sexy Dance နဲ့ဖျော်ဖြေခဲ့တယ်ဆိုပြီး အခုလို တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပွဲစီစဥ်​သူတွေဘက်ကလည်း နယ်မြေရဲစခန်းဆီ ပွဲခွင့်ပြုမိန့်တစုံတရာ တောင်းခံတာမျိုး မရှိတာကြောင့်  သင်ဇာဝင့်ကျော် အပါအဝင် အဓိက ပါဝင်ပတ်သက်သူအားလုံးကိုပါ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

သင်ဇာဝင့်ကျော်နှင့် အဖွဲ့ဖျော်ဖြေနေစဥ်

ဒီတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး စစ်အုပ်စုထောက်ခံသူ​တွေကတော့ စစ်အုပ်စုလက်ပါးစေတွေရဲ့ လုပ်ရပ်အပေါ် အားပေးထောက်ခံနေကြပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ စစ်အုပ်စုဟာ မလိုရင်မလိုသလို လူတစ်ယောက်ရဲ့ အနုပညာအပေါ် ဖိနှိပ်နေတယ်လို့ ဝေဖန်ပြောဆိုနေပါတယ်။

သင်ဇာဝင့်ကျော်ဟာ ဖော်ချွတ်ဓာတ်ပုံ ရိုက်ကူးမှုတွေကြောင့် ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ဖမ်းဆီးခံခဲ့ရပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က)နဲ့ အင်းစိန်အကျဉ်းထောင်မှာ ​ထောင်ဒဏ် ၅ နှစ်ကျခံခဲ့ရသူ ဖြစ်​ပါတယ်။

အဲ့ဒီနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပြီး အခုထပ်မံတရားစွဲဆို ခံရတာ လည်းဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကို စွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပြီး၊ ဒါဟာ ရဲအရေးပိုင် ပုဒ်မဖြစ်တာကြောင့် အာမခံရနိုင်ခြေလည်းရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အဖော်ချွတ်အလှပုံတွေကို အဓိကရိုက်ကူးကြတဲ့ သရုပ်ဆောင်​မော်ဒယ်တွေထဲက သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရသူတွေဖြစ်ပြီး  မကြာသေးသေးမီကမှ  ပြန်လည်လွတ်​မြောက်လာသူတွေလည်း ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်နှင့် အဖွဲ့ဖျော်ဖြေနေစဥ်
0 Shares:
You May Also Like
Read More

ဝက်လူးနယ်မြေရဲစခန်းကို လာသည့် အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲများ ဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၃ ဦးသေပြီး ဒုတပ်ကြပ်ကို အရှင်ဖမ်းမိ၊ ရဲ ၁ ဦးအလင်းဝင်ပြီး စစ်မှုထမ်းဆင်း စစ်သား ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ  တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၃ ယောက်သေဆုံးပြီး ဒုတပ်ကြပ် ၁ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ဒီအချိန်ဟာ တော်လှန်ရေးအောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ TNLA ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ ဒီအချိန်ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တော်လှန်ရေး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။