စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က ရွေးကောက်ပွဲအတွက် အင်အား ဖြည့်ဖို့လာသည့် အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၂၀ သေဆုံး သွားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့မှာ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ ဘုတလင်မြို့ကို အတုအယောင် ရွေးကောက်ပွဲအတွက် အင်အားဖြည့်တင်းဖို့ အင်အား ၁၅၀ ဝန်းကျင်နဲ့ ထွက်လာချိန် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ အနောက်ဇီးတောရွာကနေ မြောက်ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို Anonymous Hero အဖွဲ့နဲ့ Chindwin Brother အဖွဲ့တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်သားတွေ တပ်ပြန်ဆုတ် သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီခွဲဝန်းကျင် လောက်မှာ ခရီးသွားပြည်သူကားတွေကို အဓမ္မသိမ်းယူကာ အနောက်ဇီးတောရွာကနေ ဘုတလင်မြို့ကို ထွက်ခွာလာစဉ် Anonymous Hero အဖွဲ့ နဲ့ ချိုမိုင်မိုင်အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၁ နာရီဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ SAF)

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က ၂၀ လောက် သေဆုံးပြီး ၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သလို ပွိုင့် ၅ စက်သေနတ် တပ်ဆင်ထားတဲ့ ကားတစ်စီးပျက်စီး သွားခဲ့ပြီး MA 1 တစ်လက်၊ MA 2 တစ်လက်နဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း နမခ ကနေ Paramotor စက်တပ် လေထီးနဲ့ ၂ ကြိမ်၊ Y -12 နဲ့ ၂ ကြိမ်၊ အမတ (၅၀၈) ကဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ကထိခိုက်ကျဆုံးသူတွေ မရှိပေမဲ့လည်း နယ်မြေရှင်းလင်းရေးဆောင်ရွက် နေချိန်မှာတော့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးပူးပေါင်း တပ်သား သုံးယောက်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ Budalin Mobile Team (ဘုတလင်ရွေ့လျားစစ်ကြောင်း)၊ ရွာဇော်ကြီး − တော်လှန်အသံ (YZG)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း (မုံရွာခရိုင်တပ်ရင်း − ၁၈)၊ မုံရွာခရိုင်တပ်ရင်း −၂၅ တပ်ခွဲ − ၄ (Y.S.A.F)၊ Yadanabon Revolution Force (YRF)၊ Sagaing PDF၊ Depeyin Mobile Team (DPY) နဲ့ BLDF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

(ဓာတ်ပုံ SAF)
(ဓာတ်ပုံ SAF)
0 Shares:
You May Also Like
Read More

သံမဏိစက်ရုံအတွင်း နှစ်သစ်ကူး သောက်စားနေတဲ့ စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် (၃) သံမဏိစက်ရုံအတွင်း မနေ့က နှစ်သစ်ကူးည မူးယစ်သောက်စားနေတဲ့ စစ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) မြို့ပြပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” ကမ်ပိန်းမှ ၅ရက်အတွင်း ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ရရှိ

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” အရေးပေါ်ကမ်ပိန်းကနေ ၅ရက်အတွင်း ကူညီထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀၀ ကျော် ရရှိနေပြီဖြစ်တယ်လို့ Spring Development Bank က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် LPDF ဆီ လက်နက်မဲ့ အလင်းဝင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းခွဲဝင်မှုကြောင့် ရွာ ၁၀ ရွာမှ အရပ်သား ၅ ထောင်ကျော် တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။