ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်က ဖောင်းစက်ရုံနဘေး 7-Eleven စတိုးအနီးမှာ မြန်မာတစ်ဦးက ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၆နာရီဝန်းကျင်အချိန်မှာ မယ်ကုရပ်ကွက်က ဖောင်းစက်ရုံဘေး 7-Eleven စတိုးအနီးမှာ မြန်မာအမျိုးသား လူငယ်နှစ်ဦးကို တရားမဝင်ပစ္စည်း ရောင်းဝယ်နေတာလို့ မသင်္ကာတာနဲ့ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးဖို့ လုပ်ဆောင်နေချိန်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်မှာ ထိုင်းရဲတပ်ဖွဲ့ဝင် ၂ ယောက်က မြန်မာ ၂ ယောက်ကို စစ်ဆေးမေးမြန်းဖို့ လုပ်ဆောင်နေစဉ်မှာ ဆိုင်ကယ်အနောက်မှ လိုက်လာသူက သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ เอก เกียรติศักดิ์ แม่สอด)

ဆိုင်ကယ်မောင်းနှင်လာသူကိုတော့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပေမယ့် သေနတ်ပစ်ခဲ့သူ မြန်မာအမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ပြစ်မှုကျူးလွန်ခဲ့သူ ၂ ယောက်ဟာ သေနတ်ရောင်းဝယ်ဖို့ လုပ်နေစဉ် ထိုင်းရဲတပ်ဖွဲ့ဝင် ၂ ယောက်က စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးတာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်း အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ 

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်သွားသူကို ထိုင်းရဲတပ်ဖွဲ့ကနေ အပူတပြင်းလိုက်လံရှာဖွေနေပြီး အခင်းဖြစ်ပွားခဲ့ရာ ဧရိယာအနီးတဝိုက်ကို ပိတ်ဆို့ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးရမိသူကို ထိုင်းရဲတပ်ဖွဲ့ကနေ စစ်ဆေးရာမှာ ၎င်းတို့ဟာ မဲဆောက်မြို့၊ မယ်ပရပ်ကွက်မှ လာရောက်ခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သိရှိရပါတယ်။ 

 

0 Shares:
You May Also Like
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

စစ်ရှောင်စခန်းများသို့ စားနပ်ရိက္ခာ မျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း MDY PDF ထုတ်ပြန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ မတ္တရာမြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ရှိသူတွေနဲ့ ပူး‌ပေါင်းပြီး မတ္တရာမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေဆီ သွားရောက်ကာ စားနပ်ရိက္ခာ ဝေမျှခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆန့်ကျင်ကြောင်းနှင့် (လုံးဝ)ခွင့်မပြုကြောင်း ကော့သောင်းမြို့နယ် ပကဖ ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆန့်ကျင်ကြောင်းနဲ့ လုံးဝ ခွင့်ပြုမှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သဘောထား ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ယောကာကွယ်ရေးတပ်ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။