မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ဆင်နီတောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက် ထိခိုက်ခံရတာကြောင့် အများပြည်သူတွေအနေနဲ့ လေယာဉ်သံ၊ စက်တပ်လေထီးအသံတွေကို သတိထားဖို့ လိုအပ်တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) က မနေ့က ဇန်နဝါရီ ၁၉ ရက်နေ့မှာ  သတင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီနေ့မှာပဲ ဆိပ်ဖြူမြို့နယ်ထဲက ဆင်နီတောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ယောက် လက်မောင်းပြတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဗုံးကြဲလို့ ကျေးရွာလူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ဒါကြောင့် လေယာဉ်သံ၊ စပ်တပ်လေထီး သံတွေကို သေချာ သတိပြုမိဖို့နဲ့ အသံကြားတာနဲ့ တစ်ပြိုင်နက် ဗုံးခိုကျင်း (သို့) အကွာအကွယ် ရရှိနိုင်တဲ့နေရာတွေဆီချက်ချင်း ပုန်းရှောင်ကြဖို့ လိုအပ်တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSP) ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

(ဓာတ်ပုံ NSP)

ဆိပ်ဖြူမြို့ထဲက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ ၂၂)  ထဲကို စစ်တပ်လေထီး ( သို့မဟုတ်) ပါရာမော်တာရောက်ရှိနေပြီး ကျေးရွာတွေထဲ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီ ကပစ ၂၂ ထဲက စက်တပ် လေထီးတက်လာပြီး ဆင်နီတောင် ကျေးရွာထဲကို ၁၂၀ မမ ဗုံးသီးနှစ်လုံးနဲ့ အခြားတစ်ရွာ အနီးကို ၁၂၀ မမ ဗုံးသီးတစ်လုံး ကြဲသွားတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့်  ကျေးရွာတွေမှာ လူစုလူဝေး မလုပ်ဖို့ အသံချဲ့စက်ဖွင့်တာ၊ sound box ဖွင့်ထားတာတွေ မလုပ်ဖို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) က တိုက်တွန်းထားပါတယ်။

(ဓာတ်ပုံ NSP)
0 Shares:
You May Also Like
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော

စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးက ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးတွေဟာ မဖြစ်နိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဦးဆောင်နေတဲ့ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်ပါတယ်။
Read More

ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် တမိုင်းတောင်စခန်းကုန်းကို KNU တပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။