မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်ရတာတွေ ရှိလာတယ်လို့  ဒေသခံသတင်း အရင်းမြစ်တွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂) အပြီး ဝမ်းတွင်းမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ မြို့ပေါ်တွေမှာ အရင်လိုပေါ်တာဆွဲ ဖမ်းဆီးတာတွေကို  တကျော့ပြန် ဆိုးဆိုးရွားရွား လုပ်ဆောင်လာနေတာလို့ ဆိုပါတယ်။

ဝမ်းတွင်းမြို့နယ်ထဲမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို စစ်အုပ်စုက ပြီးခဲ့တဲ့နှစ်  ဒီဇင်ဘာလ ကုန်ပိုင်းလောက်အထိ ပုံမှန်ဆိုသလို ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး အတုယောင်ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ ခဏ ရပ်တန့်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါပေမယ့်  ဇန်နဝါရီလ ၁၄ ရက်နေ့ကစလို့ အင်တိုက် အားတိုက် ပြန်လည်လုပ်ဆောင်လာကြတယ်လို့  ဒေသတွင်းသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ Voice Of Wundwin ဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ကျေးရွာက ခြင်းဝိုင်းတစ်ခုကို စစ်အုပ်စုက ရှောင်တခင်ဝင်ရောက် စီးနင်းဝင်​ရောက်ခဲ့လို့ အမျိုးသား တော်တော်များများ ဖမ်းဆီးခံခဲ့ ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နောက်နေ့တွေမှာလည်း ရွာသစ်၊ ကျောင်းကုန်း၊ ခံဘဲ့၊ ရေအောက်နဲ့ ခံဘူးစတဲ့ ဝမ်းတွင်းမြို့နယ် အနောက်ဘက်က ကျေးရွာတွေကို စစ်အုပ်စုက သတင်းပေးလမ်းပြတစ်ယောက်နဲ့အတူ မနက်အစောပိုင်း ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ လည်းသိရပါတယ်။

စစ်အုပ်စုဟာ ရွာထိပ်လမ်းမတွေပေါ် ကားတွေပိတ်ရပ်ထားပြီး နေအိမ်တွေပေါ်အထိ တက်ရောက်ဖမ်းဆီးတာကြောင့် ကျေးရွာအတွင်းက အမျိုးသား၊ လူကြီး၊ လူငယ်တွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့နေတယ်လို့ ဆိုပါတယ်။

 အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်သူတွေကို စစ်အုပ်စုက နောက်ကနေ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်တာတွေအထိ ရှိခဲ့တယ်လို့ Voice Of Wundwin အဖွဲ့  တာဝန်ရှိသူက ပြောပါတယ်။

“မဲပေးပြီးမှ ပိုဆိုးလာတယ်ပြောရမယ်။  အရင်ကလည်း မိတ္ထီလာနဲ့နီးတော့ အမြဲဆွဲတယ်။ အခုကပိုဆိုးလာတယ်။ မဲထည့်တာနည်းလို့ မဲတယ်လို့လည်း ကြားတယ်။   သေချာတာက ဝမ်းတွင်းမှာ ယောကျာ်းလေးတွေမရှိသလောက်ဖြစ်ကုန်ပြီ” လို့ Voice Of Wundwin အဖွဲ့  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စစ်မှုထမ်းကြေးလစဥ်ပေးနေရတဲ့ ဒိုင်ကောင်းကုန်းကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက အဲ့ဒီနေ့မနက် အစောပိုင်းကစလို့ ကားတွေ ဆိုင်ကယ်တွေနဲ့ ဝင်ရောက်စီးနင်းခဲပြီး ပေါ်တာဆွဲဖမ်းဆီးတာကြောင့် တရွာလုံးနီးပါး ထွက်ပြေးခဲ့ရပြီး လူငယ် ၅ ယောက်ဖမ်းဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့နယ်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင် စစ်မှုထမ်းဥပဒေ စတင်ထုတ်ပြန်ချိန်ကစလို့  စစ်မှုထမ်းအင်အား အများအပြားစုဆောင်းခံရတဲ့ မြို့နယ်တွေထဲကတစ်ခုဖြစ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေလည်း ဆိုးဆိုးရွားရွားရှိနေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်အုပ်စုက အမြင့်ဆုံးငွေကြေးသိန်းရာနဲ့ချီ တောင်းခံတက်ပြီး မပေးနိုင်သူတွေကို မိတ္ထီလာစုဆောင်းရေးတပ်ကို ပို့ဆောင်လေ့ရှိကာ မန္တလေးတိုင်းနဲ့ ဝေးကွာတဲ့​ဒေသတွေ ကရှေ့တန်းစစ်မျက်နှာတွေဆီ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖြူးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်တောမှာ ခရီးသည်တင်ကားကို ARSA ခြုံခိုပစ်ခတ်ရာ အမျိုးသမီး ၁ ယောက် သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စျေးဝယ်သွားတဲ့ အရပ်ဖက် ခရီးသည်တင်ကားတစ်စီးကို စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည် (၁၆) ယောက်ထဲက ၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်ရှိ စစ်အုပ်စု ပြန်လည်တည်ဆောက်နေသည့် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က ရွှေကျင်မြို့နယ် တပ်ရင်းပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

စက်တင်ဘာလအတွင်း ထီးလင်းမြို့နယ် ကျေးရွာများကို စစ်အုပ်စု ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးခဲ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဟန်ရေးပြ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း ကျေးရွာတွေကို ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခွင့်ယူပြီး ​KTV လာရောက်ပျော်ပါးသည့် ကပစ ၂၄ ဗိုလ်မှူး သော်ဇင်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ခွင့်ရက်ယူပြီး KTV လာတဲ့ ကပစ (၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ အပေါင်းအပါတွေကို သွားရောက်ပစ်ခတ်ရှင်းလင်းရာ နေရာတင် ​၂ယောက် သေဆုံးကြောင်း Earthqauke People's Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။