မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာကို အင်အားဖြည့်ဖို့ထွက်လာတဲ့ အကြမ်ဖက်စစ်တပ် ယာဉ်တန်းကို ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တယ်လို့ SPECIAL TASK FORCE တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကော်မရှင် တပ်သားတွေဟာ ဇန်နဝါရီဘ ၁၉ ရက်နေ့မှာ မြို့သာစက်မှု့ဇုံ ကနေ မြို့သာဘက်ကို အင်အားဖြည့်ဖို့အတွက် အင်အား ၁၅၀ ပါ ယာဉ်ခြောက်စီးနဲ့ ထွက်လာခဲ့တယ်လို့ သိရပါတယ်။

ထွက်လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ နေအိမ်တစ်ချို့ကို ဝင်ရောက်‌ပြီး စားသောက်ကုန်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သတင်းကြားရတဲ့ အတွက်ယာဉ်တန်းကို မြို့သာနဲ့ ကျွဲဇိမ်ကြား လမ်းပိုင်း အရောက်မှာ ကာကွယ်ရေးတပ်က ပဒေသာမိုင်း နှစ်လုံးနဲ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင် တပ်သားအများပြား ပွဲချင်းပြီးသေဆုံးခဲ့တဲ့ အတွက် အလောင်းတွေကို ကားပေါ်တင်ပြီး မြို့သာဖက်ကို သယ်ဆောင် သွားတယ်လို့ သိရပါတယ်။

SPECIAL TASK FORCEတပ်ဖွဲ့ဝင်များ အား တွေ့ရစဥ်



“မြို့သာနဲ့ ကျွဲဇိမ်ကြားက အိမ်တွေနဲ့ မြို့သာ အနောက်ရွာက အိမ်တွေကိုဝင်မွှေတာပါ။ အပြန်လှန် ပစ်ခတ်မှုကအနည်းငယ်ပဲဖြစ်တာ။ သူတို့အထိနာလို့ သူတို့ဘက်ကပြစ်ခတ်တာများတယ်။ အထိခိုက် သေဆုံးများတယ်”လို့ SPECIAL TASK FORCE တပ်ဖွဲ့ ခေါင်းဆောင် ကိုငြိမ်းချမ်းက မောင်းကို ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကော်မရှင် တပ်သားတွေဟာ လမ်းဘေး နေအိမ်တွေနဲ့ ဆိုင်ကယ်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သလို မြို့သာစခန်း ကလည်း ကားနှစ်စီး ဆင်းလာတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မိုင်းဆွဲခံရတဲ့ လမ်းပိုင်းမှာ ရှင်းလင်းနေပြီ စစ်ကော်မရှင်တပ်ဘက်က လာရောက် ရှင်းလင်းရေးလုပ်တာမျိုး မရှိဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“မကွေးဆီသို့ ကမ်ပိန်း” မှ ထောက်ပို့သည့် ကာကွယ်ရေးပစ္စည်းများ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံ ရောက်ရှိ

မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “မကွေးဆီသို့ ကမ်ပိန်း” ကနေ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းတွေ မြေပြင်ရဲဘော်တွေထံ ရောက်ရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်တော်စောင့်ကို ပစ်ခတ်ရှင်းလင်းရာ ရိုင်ဖယ်သေနတ်အပြင် ကစားစရာ သေနတ်နှင့် ကစားစရာ လက်ပစ်ဗုံး သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းရာ ထိုသူတွေထံက သေနတ်အစစ်တွေ အပါအဝင် ကလေးကစားစရာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ဒေသခံပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူတွင် အင်အား ၂၀၀ပါ စစ်ကောင်စီကားတန်းတိုက်ခိုက်ခံရ ၊ စစ်သားနှင့်ပျူစောထီး ၆ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိ…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲပစ်ခတ်ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။