မကွေးတိုင်း၊ ကျောက်ပန်းတောင်း-ချောက် (အမှတ်- ၂ ပြည်ထောင်စု) လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကားတစီး ကို အနီးကပ် ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဗိုလ် အဆင့် ရှိသူအပါ ၁၀ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မကွေးခရိုင် အမှတ်(၃) တပ်ရင်း(CRA) တာဝန်ရှိသူ တစ်ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့  ကနေ ချောက်မြို့ဘက် ပြန်လာတဲ့ အင်အား ၂၀၀ ပါ အကြမ်းဖက်စစ်ကားကြီး တစီးကို အမှတ်- ၂  ပြည်ထောင်စု လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေ ဖြတ်တောက် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပစ်ခတ်မှု၁၅ မိနစ်ကြာ ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေ တိုက်ခိုက် မှုကြောင့် စစ်အုပ်စုဘက် ဗိုလ်အဆင့်ရှိသူ အပါအဝင် ထိခိုက် သေဆုံးသူတွေ များခဲ့ပြီး ကားလည်းပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

” စစ်သားတွေက ချောက်မြို့ ကပါ။ ကျွန်တော် တို့တွေရှိမယ်အထင်နဲ့ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ သိပ်မကွာတဲ့ဆီမှာ သေနတ်တွေ သွားဖောက်တယ်။ သူတို့အပြန် ကျွန်တော်တို့ အစီစဥ်တကျ ကင်းပုန်းဝပ်စောင့်ပြီး ပစ်ခဲ့တာပါ။  ကားလမ်းဘေး ၁၀ မီတာလောက်ကနေ ပစ်ခဲ့ရသလို ပွိုင့်အရှေ့ဘက်မှာ ကားကရပ်နေတော့ လက်ပစ်ဗုံးတွေလည်း ပစ်ထည့်နိုင်ခဲ့တယ်။  ဒါကြောင့် ထိခိုက်သေဆုံးမှုများခဲ့တာ” လို့ မကွေးခရိုင် အမှတ်(၃) တပ်ရင်း(CRA) တာဝန်ရှိ သူတစ်ယောက်က မောင်းကိုပြောပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်တွေက အပြီးသတ်ချေမှုန်းဖို့ကြိုးစားချိန်မှာ အကြမ်းဖက် စစ်ကူကား၄စီး ချောက်မြို့ဘက်ကနေ ရောက်ရှိလာတာကြောင့်  ပြန်ဆုတ်ခဲ့ ရတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ စစ်ဗိုလ်ဟာ  ချောက်မြို့ အိမ်(၆၀)က  ဖြစ်တဲ့အကြောင်း မကွေးခရိုင် အမှတ်(၃) တပ်ရင်း(CRA) တာဝန်ရှိသူက အတည်ပြု ပြောပါတယ်။

ဒီစစ်ဆင်ရေးကို မကွေးခရိုင်အမှတ်(၃)တပ်ရင်း (CRA) နဲ့ အတူ မကွေးခရိုင်အမှတ်(၁)တပ်ရင်း၊ SR-7 မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း တို့ပူးပေါင်းလုပ်ဆောင် ခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ တိုက်ပွဲဖြစ်ပွားနိုင်တဲ့အနေအထားအထိ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာနေ…

ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနားမှာ ထိုင်းစစ်တပ်နဲ့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အင်အားအကြီးမားဆုံးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ဟာ နယ်မြေပြဿနာကြောင့် နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ အတင်းမာဆုံးအခြေအနေရောက်ရှိလာနေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှတွင် စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတုကို ‘တရားမျှတသိက္ခာရှိတဲ့ ရွေးကောက်ပွဲ’ ဟု မင်းအောင်လှိုင်က သူ့ဗိုလ်လောင်းများနှင့်တွေ့စဥ် အရှက်တရားကင်းစွာ သုံးနှုန်းပြောကြား

တိုင်းပြည်အာဏာကို မတရားသဖြင့် သိမ်းယူပြီး နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် ပြည်သူပေါင်း ၃၀၀၀၀ ကျော်ကို မတရား ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတို့စစ်တပ် ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို “တရားမျှတ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ” လို့ အရှက်တရား ကင်းမဲ့စွာ သုံးနှုန်းပြောကြားလိုက်ပါတယ်။