မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စိုက်ပျိုးမှုတွေမလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့  လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ရဲ့ သတင်းနှင့် ပြန်ကြားရေးကော်မတီက မောင်းကို ပြောပါတယ်။

ငဖဲမြို့နယ်အတွင်းက ကျေးရွာချင်းဆက် လမ်းတွေက တဆင့် သယ်ယူပို့ဆောင်တာတွေ မလုပ်နိုင်အောင်လည်း ရှောင်တခင် စစ်ဆေးတာရော လုံခြုံရေးဂိတ်နဲ့ စစ်ဆေးတာတွေကိုရော လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စိုက်ပျိုးမှုတွေမလုပ်ကြဖို့ ဒေသခံကျေးရွာတွေကို နှိုးဆော်တာလည်း လုပ်သလို ကျေးရွာချင်းဆက်လမ်းတွေ ကတဆင့် သယ်ယူပို့ဆောင်မှုတွေ မလုပ်နိုင်အောင်လည်း ရှောင်တခင်စစ်ဆေးတာရော၊ လုံခြုံရေးဂိတ်နဲ့ စစ်ဆေးတာရော လုပ်နေပါတယ်” လို့ PRA-Magway သတင်းနှင့် ပြန်ကြားရေးကော်မတီကနေ သူတို့လုပ်ဆောင်မှုတွေကို ရှင်းပြခဲ့ပါတယ်။

ဘိန်းခင်းများအား ဖျက်ဆီးနေစဥ် (ဓာတ်ပုံ PRA-Magway)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ PRA-Magway တပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့နယ် တောင်ဘက်ခြမ်းတစ်နေရာက ဘိန်းစိုက်ခင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး  စုစုပေါင်းဧက (၃၀) လောက်ကို ရှင်းလင်းဖျက်ဆီးခဲ့ တယ်လို့သိရပါတယ်။

“ဧက ၃၀ လုံးကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒေသခံကျေးရွာတွေကတော့ ဒီလိုရှင်းလင်းဖျက်ဆီးလိုက်တဲ့အပေါ် တစုံတရာ ပြောလာတာ မရှိသေးပါဘူး။ အဝေးရောက် ဒေသခံတွေကတော့ ဒီလုပ်ရပ်အပေါ် ကြိုဆိုကြောင်း ပြောကြားကြတာရှိပါတယ်။ ကျွန်တော်တို့ စစ်ကြောင်းလှုပ်ရှားရင်း ဒီဘိန်းစိုက်ခင်းကို တွေ့ခဲ့ရတာပါ။ ဒါကြောင့် ရှင်းလင်းရေးလုပ်ငန်းကို စတင်လိုက်ကြရတာဖြစ်ပါတယ်” လို့ PRA-Magway သတင်းနှင့် ပြန်ကြားရေးကော်မတီက မောင်းကို ပြောပါတယ်။

အဲ့ဒီ ဘိန်းခင်းတွေကို စိုက်ပျိုးတဲ့ ပိုင်ရှင်ကို PRA-Magway တပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ပိုင်ရှင်ဟာ ဘယ်သူဆိုတာ  တိတိကျကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

PRA-Magway ကတော့ လှုပ်ရှားနေတဲ့ နယ်မြေဒေသတွေအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အထူးကြပ်မတ်နေပြီး မူးယစ်ဆေးဝါး စိုက်ပျိုးခြင်းအပြင် ရောင်းဝယ် ဖောက်ကားတာတွေနဲ့ လက်ဝယ် သိမ်းဆည်းထားတာတွေကိုလည်း စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဘိန်းခင်းများအား ဖျက်ဆီးနေစဥ် (ဓာတ်ပုံ PRA-Magway)
0 Shares:
You May Also Like
Read More

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ဦး သေ

“သတင်းထောက်ဖို့သွားရင်း စခ ၂ကောင် ကင်းပုန်းဝပ်နေတာတွေ့ပြီး ပစ်သတ်ပြီးမှ ပုန်းနေတဲ့ ခွေးတွေက ပေါ်လာပြီး လက်နက်ကြီးနဲ့ ထုကြတာ။ စခ ၃၀ လောက်ရှိတယ်။ ရုတ်တရက်ဖြစ်သွားတဲ့ တိုက်ပွဲမို့ မှတ်တမ်းယူချိန် မရလိုက်ဘူး” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချီဖွေ၊ ဖိမော်ဒေသက နယ်ခြားစောင့်တပ် ၁၀၀၁ ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖိမော်ဒေသ ကစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) - ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မိုးဗြဲနှင့် စလင်းဘက်တွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် လမ်းပိုင်းအချို့ကို ကာကွယ်ရေးတပ်ဖွဲ့များ ပိတ်ထား

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်း နေရာတော်တော်များများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားတယ်လို့ ရှမ်းတောင် - (ကယား) ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။