ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား တွေ သယ်ဆောင်လာတဲ့ ကားတစ်စီးဟာ စစ်ဆေးရေးကနေ လွတ်မြောက်ဖို့ ကြိုးစားရာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

စစ်ဆေးချက်တွေ အရ တရားမဝင် ဝင်ရောက်လာသူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကာ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဘက်က ဝင်ရောက်လာတဲ့ သူတွေဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ 

ဒီနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက  မဲဆောက်မြို့ ရဲစစ်ဆေးရေးဂိတ်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ ကားတစ်စီးဟာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

တရားမဝင် လူတွေတင်ဆောင်လာတဲ့ ကားဟာ ရဲစစ်ဆေးဂိတ်ကို တွေ့ရှိပြီး နောက်ပြန်‌ မောင်းပြန်ပြေးတဲ့အတွက် တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီး ခဲ့တာ ကြောင့်  မဲတောင်လမ်းဆုံမှာ အခြားကား တစ်စီးနဲ့ တိုက်မိရာ လူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ သိရပါတယ်။ 

တာဝန်ရှိသူတွေက စစ်ဆေးခဲ့ရာ ကားမောင်းသူဟာ အသက် (၃၆)နှစ်ရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး တရားမဝင် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကို တင်ဆောင် လာတာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ ယောက်ဒဏ်ရာရရှိသွားပြီး ပြစ်မှုကျူးလွန်သူတွေကို မဲဆောက်ရဲစခန်း ကနေ စစ်ဆေးမှုတွေပြုလုပ်ကာ အရေးယူသွားမယ်လို့ သိရပါတယ်။

Video – Su Rat Khan

ကိုးကား – Matichon Online

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်အနီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၃)ယောက်သေဆုံးပြီး (၁၂) ယောက်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၉ ရက်က စပ်စီရွာနဲ့ ပျဉ်းဝကြား ကားလမ်းမပေါ် (သိန်းလေးဆယ်)ကွေ့နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား

''မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်''