မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း မဲရုံလုံခြုံရေးပေးဖို့လာတဲ့ အင်အား ၂၀၀ လောက်ပါ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၁၈ ရက်မနေ့နံနက်ပိုင်းက ကျောက်ပန်းတောင်မြို့နယ်ကနေ တောင်သာမြို့ မဲရုံလုံခြုံရေးပေး ဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပဒပ်စာကုန်းကျေးရွာအနီး တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထနောင်းကုန်းကျေးရွာကနေ တပ်ကူလာတဲ့ စစ်ကော်မရှင်တပ်သားတွေကိုလည်း တိုက်ခိုက်ခဲ့ပြီး တပ်ကူမပေးနိုင်ဘဲ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး ကန်သာယာကျေး ရွာမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနဲ့ တောင်သာမြို့နယ် ပကဖ မှ ပူးပေါင်းလုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။
Video – တောင်သာ တပ်ရင်း