မန္တလေးတိုင်း၊ တောင်သာမြို့မဲရုံကို လုံခြုံရေး‌ပေး ဖို့လာ တဲ့ အကြမ်ဖက်စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။

စစ်ကော်မရှင် တပ်သားတွေဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့   ကျောက်ပန်းတောင်မြို့နယ်ကနေ တောင်သာမြို့ပေါ် က မဲရုံကို လုံခြုံရေးယူပေးဖို့ ထွက်လာပြီး ထနောင်းကုန်းကျေးရွာထဲ တစ်ညအိပ်ခဲ့တယ်လို့ ဆိုပါတယ်။

 ဇန်နဝါရီ ၁၈ ရက် မနက် ၈ နာရီလောက်မှာ အဲဒီကျေးရွာထဲကနေ ပြန်ထွက်လာချိန် ပဒပ်စာကုန်း ကျေးရွာအနီးအရောက်မှာ  ကာကွယ်ရေးတပ်ဖွဲ့နဲ့ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ထိတွေ့မှု အတွင်း ထနောင်းကုန်းရွာ ကနေ စစ်ကူလာတဲ့  စစ်ကော်မရှင်တပ်သားတွေ လည်း တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ကန်သာယာကျေးရွာမှာ ဆေးကုသမှု ပြုလုပ်ခဲ့တယ်လို့  ဆိုပါတယ်။

“ထိတွေ့မှုက ၃ နာရီ လောက်ရှိတယ်။  စစ်သားတွေ ဘက်က ထိခိုက်များတယ်။  အရေအတွက်တော့မသိဘူး၊ ထိတွေ့မှုပြီးတော့ တောင်သာမြို့ထဲကို ပြန်ဝင်သွားတယ်။ ခုချိန်ထိ စစ်ကြောင်းထိုးနေတုန်းပါ” လို့  မြင်းခြံခရိုင်အမှတ်၃တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေဟာ တောင်သာမြို့နယ်၊ မြင်းခြံ – ပုဂံညောင်ဦး ကားလမ်းဘေး တမိုက်သာ ကျေးရွာကိုဝင်ရောက်ပြီး စစ်ကော်မရှင်တပ်သားတွေရဲ့ ဘန်ကာတွေအထိသိမ်းယူ ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူတွင် အင်အား ၂၀၀ပါ စစ်ကောင်စီကားတန်းတိုက်ခိုက်ခံရ ၊ စစ်သားနှင့်ပျူစောထီး ၆ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိ…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲပစ်ခတ်ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို SAGAING-PDF မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) အနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။