မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
PRA-Magway တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ငဖဲမြို့နယ်တောင်ဘက်ခြမ်းက ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဘိန်းခင်းတွေဟာ စုစုပေါင်း ဧက (၃၀) လောက်ရှိပြီးဘိန်းခင်းပိုင်ရှင်ကို စုံစမ်းခဲ့ပေမယ့် တိတိကျကျမသိခဲ့ရဘူးလို့လည်း PRA-Magway ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


PRA-Magway လှုပ်ရှားနေတဲ့ ဒေသထဲမှာ မူးယစ်ဆေးဝါးစိုက်ပျိုးတာ အပါအဝင် ရောင်းဝယ်ဖောက်ကားတာ၊ လက်ဝယ်သိမ်းဆည်းတာကိုလည်း ကြပ်မတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းက တောင်ပေါ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုဟာ နအဖ လက်ထက်ကတည်းက ရှိခဲ့တာဖြစ်ပြီး နယ်မြေခံ ရဲစခန်းတွေကလည်း အခကြေးငွေ တောင်းခံပြီး စိုက်ခွင့် ပြုခဲ့တာလို့လည်း ဒေသခံတချို့ဆီက သိရပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသတွေမှာအကြမ်းဖက် စစ်တပ်က ငွေကြေးကောက်ခံကာ ဘိန်း စိုက်ခွင့်ပြုထားတာ တွေရှိတယ်လို့ လည်းသိရပါတယ်။
