မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကနားရဲစခန်းက ဒုတပ်ကြပ် တစ်ယောက် ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စဉ့်ကိုင် မြို့နယ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ  ကနားရဲစခန်းက  ဒုတပ်ကြပ် မျိုးမင်းအောင်ကို‌ ခဲယမ်းတွေနဲ့ အတူဖမ်းဆီးရမိခဲ့တာလို့  ဇန်နဝါရီ ၁၈ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့တာပါ။

သူဟာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မိုးမခလမ်းမှာ နေထိုင်ခဲ့သူဖြစ်ပြီး ပုပ္ပါးရဲစခန်း၊  မြစ်ကြီးနား တပ်ရင်း ၃၀၊  အမရပူရ မြို့နယ်ရဲစခန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလို့ သိရပါတယ်။

ဒုတပ်ကြပ် မျိုးမင်းအောင်ဟာ ကနားနယ်မြေ ရဲစခန်းမှာ ၃ နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီး  တွဲဖက်အဖြစ် မြင်းခြံ (၁၅)တပ် ဘီးခွန်ဂိတ်မှာ ၂ လ တာဝန် ထမ်းဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့သော ဒုတပ်ကြပ် မျိုးမင်းအောင်အား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားပစ်ခတ်ရာ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ…

သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ အင်အား (၁၇၀) ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းနဲ့ KNLA (Karen National Liberation Army) တပ်ရင်း (၂၇) တို့ ပူးပေါင်းပြီး ပြောက်ကျား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြို့ပေါ်မှာ ရည်စားနဲ့ သွားတွေ့ရင်း လုပ်သက် ၂၅ နှစ်ရှိ ဒုတပ်ကြပ် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ လာပြင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၈ ယောက် သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ ပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရဟတ်ယာဉ် ကိုယ့်ဘာသာ ပျက်ကျတာပါဆိုတဲ့ စစ်ကောင်စီ၏ ပြောဆိုချက် ဖြစ်နိုင်သလား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ Mi 17 ရဟက်ယာဉ် ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာမှာ ရဟက်ယာဉ် တစ်စီး မီးလောင်ပျက်ကျပြီး တစ်စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား ၂ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့ ထုတ်ပြန်ပါတယ်။ တီးတိန်မြို့ရှိ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ၂၃ နှစ်အရွယ်ရှိ စစ်ကောင်စီတပ်သား ၂ ယောက်က ဧပြီ ၇ ရက် မနေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ PDF Zoland က မှတ်တမ်းဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။