စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပေါက်တောရွာ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အကြမ်ဖက်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးပြီး ၂၀ ဒဏ်ရာ ရရှိသွားတယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၇) တပ်ရင်း၊ တပ်ခွဲ (၄) က သတင်းထုတ်ပြန်လာပါတယ်။

တိုက်ပွဲဟာ ဇန်နဝါရီလ ၁၆ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီ တိုက်ခိုက်မှုကို အမှတ် (၂) စစ်ဒေသကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း တပ်ခွဲ (၄) – ACID အဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်း အဖွဲ့တွေက ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

“အဲဒီဂိတ်က စစ်ကိုင်းနဲ့ မင်းဂွန်းတကျောမှာ ချထားတဲ့ဂိတ်။ သူတို့က လမ်းသွားလမ်းလာ ပြည်သူတွေကို ပိုက်ဆံတောင်းတယ်၊ ငွေညစ်တယ်။ ဂိတ်မှာ အင်အားက ၂၀ လောက်ပဲ ရှိတယ်။ သူတို့က ပေါက်တောရွာ ထဲမှာ တပ်ဖြန့် ထားတာတွေရှိတယ်” လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၇) တပ်ရင်း၊ တပ်ခွဲ (၄) ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က မျက်မြင် ၁၀ ယောက် သေဆုံးခဲ့ပြီး ၂၀ လောက် ဒဏ်ရာရရှိသွားခဲ့ကာ စစ်ကိုင်းဘက်ကနေ့ အိမ်စီးကား ၄စီးနဲ့ စစ်ကူရောက်လာတာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

“စစ်ကိုင်းဘက်ကနေ ကားတွေ အတန်းလိုက် ဝင်လာတာ။ အဲ့မှာ ကျွန်တော်တို့ အိမ်စီးကား ၂ စီးကိုတော့ ဖြတ်တောက်နိုင်ခဲ့တယ်။ နောက် ၂ စီးကတော့ လက်နက်အင်အား လူအင်အားရောမမျှ ဘူး။ အဲ့တာနဲ့ ပြန်ဆုတ်ခဲ့ရပါတယ်” လို့  သတင်းပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

(ဓာတ်ပုံ ရွှေဘိုခရိုင်၊ အမှတ် (၁၇) တပ်ရင်း၊ တပ်ခွဲ (၄))



တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းဟာ စစ်ကိုင်းနဲ့ မင်းဂွန်း လမ်းပိုင်းက လမ်းသွားလမ်းလာ ပြည်သူတွေကို ငွေညစ် ပိုက်ဆံတောင်းနေတဲ့ ဂိတ်တခု ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော် တယောက် လည်း ကျဆုံးခဲ့သလို နောက်ထပ်တယောက်လည်း မစိုးရိမ် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ နာရီဝက်ဝန်းကျင်ကြာမြင့်ခဲ့ပြီး တိုက်ပွဲလည်း ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကော်မရှင်ဘက်က သေဆုံးတဲ့အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်သွားတဲ့ ပုစဉ်းခေါင်း (Lefan) ယာဉ်ဟာလည်း ကြက်တောင့်တောင်ရွာမှာ လမ်းကြိတ်စက်ကို ဝင်တိုက်မိတာကြောင့် နောက်ထက် စစ်ကော်မရှင်တပ်သား ၃ ယောက် ထပ်မံသေဆုံးသွားတာကို သတင်းအတိအကျ ရရှိထားတယ်လို့လည်း ရွှေဘိုခရိုင်၊ အမှတ် (၁၇) တပ်ရင်း၊ တပ်ခွဲ (၄) ကနေ သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကော်မရှင်တပ်စွဲရာ ဂိတ်တွေနား မနေကြဖို့နဲ့ စစ်ကော်မယာဉ်တွေရဲ့ အနောက်ကို ကပ်မလိုက်ကြဖို့ ကိုလည်း ရွှေဘိုခရိုင်၊ အမှတ် (၁၇) တပ်ရင်း၊ တပ်ခွဲ (၄) ကနေ မေတ္တာရပ်ခံ သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

သီပေါမြို့ပေါ်ကို စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မ​တော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်တပ်တွေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ ၁၂၃ ယောက်ကို မြန်မာပြည်ပြန်ပို့

ရခိုင်ဒေသတိုက်ပွဲတွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလှုံခဲ့ကြတဲ့စစ်ကောင်စီတပ်သားနဲ့နယ်ခြားစောင့်ရဲစုစုပေါင်း၁၂၃ယောက်ကိုစက်တင်ဘာလ၂၉ရက်တနင်္ဂနွေနေ့ကမြန်မာပြည်ဘက်ပြန်လည်လွှဲပြောင်းခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြထားပါတယ်။ စစ်ကောင်စီကမြန်မာပြည်မှာအကျဉ်းကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၈၅ယောက်ကိုသင်္ဘောနဲ့ဘင်္ဂလားဒေ့ရှ်ကော့ဘဇာဘက်ပြန်ပို့ပြီးနောက်သူ့ရဲ့လက်အောက်ခံတွေကိုပြန်လည်ခေါ်ဆောင်သွားတာပါ။
Read More

လက်ပံတောင်းတောင်ဒေသ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရ

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း သိရပါတယ်။