မန္တလေးတိုင်း တောင်သာမြို့နယ် မြင်းခြံ-ပုဂံညောင်ဦး ကားလမ်းဘေး တမိုက်သာကျေးရွာ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၁၇ ရက်က တောင်သာမြို့နယ် တမိုက်သာကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တ ဖြစ်ပြီး စခန်းဘန်ကာ အထိ တော်လှန်ရေးတပ်တွေ ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။
အကြမ်း ဖက်စစ်သားနဲ့ သီတာယုမွန် လက်အောက်ခံ ပျူစောထီးတွေကတော့ ရွာမြောက်ဘက်ကို ထွက်ပြေးသွားခဲ့ ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် မြင်းခြံမြို့ကနေ တပ်ကူလာတဲ့ ကား ၃ စီး ထဲက ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အရာရှိ ၁ ယောက် ဒဏ်ရာ ရရှိသွားကာ ၃ ယောက်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ စစ်ကော်မရှင် တပ်သားတွေဟာ ကန်တော်ရွာကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့လည်ူ သိရပါတယ်။
Video – တောင်သာတပ်ရင်း