ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင် ခရိုင်စစ်ဌာန၊  ပုလဲမြို့နယ်စစ်ကြောင်းရဲ့  (Unity Column) စစ်ရေးပြ အခမ်းအနားကို ဇန်ဝါရီ ၁၅ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကြောင်းဟာ ပုလဲမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ ယင်းမာပင်ခရိုင်အမှတ် ( ၆ ၊ ၁၀ ၊ ၁၂ ၊ ၃၈ ) တို့ ပါဝင်ပြီး တပ်ရင်း ၄ ရင်းကို ကနဦး စုဖွဲ့ထားတာလို့ သိရပါတယ်။ 

ဒီစစ်ကြောင်းဟာ NUG၊  MOD ရဲ့ လမ်းညွှန်ချက်နဲ့ အညီ စည်းလုံးညီညွှတ်ခြင်း၊  စုဖွဲ့ကျစ်လစ်ခြင်း၊  စည်းကမ်းပြည့်ဝခြင်းနဲ့ တိုက်ပွဲဝင်နိုင်ခြင်း အစရှိတဲ့ ထင်းစည်းပမာ ထုထည်အင်အားကြီးမားတဲ့ စုဖွဲ့မှုတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် အမြစ်ပြတ် ချုပ်ငြိမ်းရေးနဲ့  ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ရရှိရေးအတွက် တော်လှန်ညီနောင် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အတူ အဆုံးထိတိုင် တိုက်ပွဲဝင်သွားမယ် လို့လည်း ဆိုပါတယ်။ 

Video – Unity Column

0 Shares:
You May Also Like
Read More

၈ လကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာကြသည့် ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စပါးရိတ်သိမ်းချိန် တောင်ယာလုပ်ငန်းခွင်အတွင်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ (ရုပ်/သံ)

စပါးရိတ်သိမ်းချိန်‌ တောင်ယာလုပ်ငန်းခွင်အတွင်း အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် အတုအ ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်း (ရုပ်/သံ)

ကရင်နီဒေသ ဖရူဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချချေမှုန်းခဲ့တဲ့ ရုပ်သံကို KNDF ရဲဘော် Khu Ri Chard က ဒီဇင်ဘာ ၄ ရက်က သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ငွေတွင်းစခန်းမှ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ရဲစခန်းရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ကချင်ပြည်နယ် ချီဖွေမြို့ရဲစခန်းကို KIA တပ်တွေက ထိန်းချုပ်ထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။