ခေတ်ဆိုးစနစ်ဆိုးထဲမှာ လူကောင်းတွေနဲ့ ပေါင်းပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ထားတဲ့အတွက် လူကြိုက်များတဲ့ နိုင်ငံရေးပေါကား မရိုက်ဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက လူမှုကွန်ရက်က တဆင့် ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူတွေဟာ ပရိသတ်ရဲ့ အဆင့်အတိုင်း ပရိသတ်တွေ ကြိုက်ဖို့ ပေါကားရိုက်ကူးနေရပြီး  နိုင်ငံရေးမှာ လူကြိုက်များစေဖို့ လုပ်တတ်ပေမယ့် မလုပ်ဘူးလို့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ နေရာအများစု ရှုံးနိမ့်နေတဲ့ ဦးကိုကိုကြီးက ဆိုပါတယ်။

”စစ်တပ်မုန်းတီးရေး ပြောရင်း လူကြိုက်များတယ်။ ကျွန်တော်မပြောဘူး။ ပြီးတော့ စစ်တပ်ချစ်တဲ့ သူတွေက မချစ်ရ ကောင်းလာဆိုပြီးတော့ ကျနော်ကို တိုက်ခိုက်တာတွေ့ရှိတယ်”လို့ ဆိုပါတယ်။

ခေတ်တိုင်း လူဆိုး၊ လူကောင်းတွေရှိကြပြီး တစ်ချိုဆိုးတာနဲ့ အားလုံးဆိုးတယ်လို့ ‌ပြောလို့မရဘူးလို့ စစ်တပ်ကို ရည်ညွန်းကာ ဦးကိုကိုကြီးက ဆိုခဲ့ပြီး လက်တွေ့ကျကျပြုပြင်ဖို့ ယုံကြည်ချက်နဲ့ ဆက် လုပ်နေတယ်လို့လည်း ဆိုပါတယ်။

”ဟိုတုန်းက ဖယောင်တိုင်ထွန်းပြီး အစည်းအဝေးလုပ်ပြတာတို့၊ စက်ဘီးနဲ့ ရုံးတက်ပြတာတို့၊ သန့်ရှင်းရေးလုပ်ပြတာတို့ အဲဒါမျိုး နိုင်ငံရေး ပေါကားတော့ ကျနော်မရိုက်ဘူး” လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

လက်ရှိနိုင်ငံရေးရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ထောက်ပြပြီး ရလဒ်အသစ်တွေ၊ ရလဒ်အ ကောင်းတွေ ထွက်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Video – ပြည်သူ့ပါတီ

0 Shares:
You May Also Like
Read More

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီဌာနရုံးတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနရုံးတွေကို နို ဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၄ ယောက် အရှင်မိခဲ့တဲ့ ထားဝယ် ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေပြီး ပြည်သူ ၇ ယောက် ကယ်ဆယ်နိုင်ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ပြည်သူ ၇ ယောက်ကို ကယ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲ ဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။