ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်ကစလို့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေပြီး တစ်ပတ်အတွင်း အယောက် ၆၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မဲဆောက်မြို့ပေါ် အပါအဝင် နယ်နမိတ် အတွင်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့ လောက်က စလို့ အ​ထောက်အထားမဲ့ ဝင်ရောက်နေထိုင်သူ တွေနဲ့ ထိုင်းအစိုးရ ကန့်သတ်ထားတဲ့ လုပ်ငန်းလုပ်ကိုင်နေသူ  မြန်မာနိုင်ငံသားတွေကို  ထိုင်းအာဏာပိုင်တွေက ဆက်တိုက် ဆိုသလို ဖမ်းဆီးအရေးယူ တာတွေလုပ်ဆောင် လာနေတာပါ။

 တကယ်တမ်း ဖမ်းဆီးခံရသူ အရေအတွက်ဟာ အယောက် ၆၀ ထက်ပိုနိုင်ပြီး ဒဏ်ကြေးနဲ့ ပြန်လည်လွတ်မြောက် လာသူတွေ လည်းအများအပြား ရှိတယ်လို့သိရ ပါတယ်။

ဒါ့အပြင် မဲဆောက်မြို့စျေး အတွင်းမှာလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ​ကြောင့် ဇန်နဝါရီလ ၁၇ ရက်အထိ စျေးဆိုင်တော်တော်များများ ပိတ်ထား တယ်လို့လည်း မဲဆောက်ရောက် မြန်မာ တချို့က ပြောပါတယ်။

ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ Delivery စတဲ့လုပ်ငန်းတွေကို နိုင်ငံခြားသားတွေ မလုပ်ကိုင်ဖို့ ထိုင်းဥပဒေက ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်​။

(ဓာတ်ပုံ Tak Immigraiton)
(ဓာတ်ပုံ Tak Immigraiton)

ဒါ့အပြင် ဒီလိုမျိုးဖမ်းဆီးမှုတွေ ပြန်ပြီး ခပ်စိပ်စိပ်ရှိလာတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသား တချို့ရဲ့ ရန်ပွဲတွေကြောင့် ဖြစ်တယ်လို့ ထိုင်းရောက် မြန်မာ တချို့က ပြောဆိုပါတယ်။

ရွေ့ပြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေယနေသူတွေ ကတော့ လက်ရှိအချိန်ဟာ ထိုင်း-မြန်မာ အလုပ်သမားတွေကြား ပဋိပက္ခ ဖြစ်ပွားထား တဲ့အပြင် Work Permit သက်တမ်း တိုးပြီးချိန် ဖြစ်တာကြောင့် စစ်ဆေးမှုတွေ ရှိနေတာဖြစ်ပြီး ထိုင်းရောက် မြန်မာတွေအနေနဲ့ အသွားအလာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

“မဲဆောက်မှာ ဒီလိုမျိုး မကြာမကြာ ဝင်စစ်တာတွေ ရှိပေမယ့် ဒီတလောကတော့ အနေအထိုင် ဆင်ခြင်တာအကောင်းဆုံးပါပဲ” လို့ မဲဆောက်မှာ နေထိုင်တဲ့ ရွေ့ပြောင်းမြန်မာ အလုပ်သမား တယောက် ကလည်း မောင်းကို ပြောပါတယ်။ 

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေ တွေကြောင့် ထိုင်းနိုင်ငံမှာ ရောက်ရှိ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံရဲ့  ဥပဒေတွေကို လေးစားလိုက်နာပြီး ဒေသခံတွေနဲ့ သဟဇာတ ဖြစ်အောင် နေထိုင်ကြဖို့ကို တိုက်တွန်း ထုတ်ပြန် ထားပါတယ်။

(ဓာတ်ပုံ Tak Immigraiton)
0 Shares:
You May Also Like
Read More

ကျားဖြန့်ငွေလိမ်လည်မှုများအတွက် DKBA နှင့် ခေါင်းဆောင် ၄ ဦးကို အမေရိကန် အရေးယူ၊ ကျားဖြန့်နှိမ်နင်းရန် အမေရိကန် အထူးအဖွဲ့ ဖွဲ့စည်းထား

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
Read More

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးမယ်လို့ တောင်ကိုးရီးယားသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးပေးအပ်သွားမယ့် အစီအစဉ်ကို တောင်ကိုးရီးယားသမ္မတ ယွန်ဆော့ယိုလ်က အောက်တိုဘာလ ၁၁ ရက် သောကြာနေ့မှာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Read More

ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုမှုများကြား မြန်မာစစ်တပ်၏ ဆေးရုံကိုဗုံးကျဲတိုက်ခိုက်ခဲ့မှုက ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုများကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိ

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်" လို့လည်းဆိုပါတယ်။
Read More

‘ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်း တောင်းဆို (ရုပ်သံ)

'ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် တောင်းဆိုချင်ပါတယ်''လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်းက တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အကြမ်းဖက်မှု (သို့မဟုတ်) အတုအယောင် ရွေးကောက်ပွဲများနဲ့ မဖြေရှင်းနိုင်ကြောင်း ထပ်မံအတည်ပြုပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကျေးဇူး တင်တယ်လို့ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။