စစ်ကိုင်းတိုင်း ၊ အရာတော်နယ်က မူကြိုကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးအပါ နှစ်ယောက်သေဆုံးပြီး ၃ ထက် မနည်းဒဏ်ရာ ရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက် နေ့မွန်းလွဲ ၁ နာရီခွဲလောက်မှာ တံတားဦးလေတပ် ကနေတက်လာတဲ့  Yak-130 တိုက်လေယာဉ် တစ်စီးဟာ ကန်ရင်းရွာ မူကြိုကျောင်းကို လေကြောင်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

အခုလို လေကြောင်း ဗုံးကြဲခဲ့တဲ့ အတွက် ကိုးနှစ်အရွယ်ကလေး တစ်ယောက်နဲ့ လူကြီး တစ်ယောက် သေဆုံးပြီး သုံးယောက် ထက်မနည်း ထိမှန်ဒဏ်ရာရရှိ ခဲ့သလို မူကြိုကျောင်းနဲ့ နေအိမ်လေးလုံး ပျက်ဆီး သွားတယ်လို့ သိရပါတယ်။

ကန်ရင်းရွာ မူကြိုကျောင်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲအပြီး တွေ့ရစဥ် (ဓာတ်ပုံ NPRF)
ကန်ရင်းရွာ မူကြိုကျောင်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲအပြီး တွေ့ရစဥ် (ဓာတ်ပုံ NPRF)

“ပုံမှန်တော့ ကျောင်းဖွင့်ရက် မဟုတ်ဘူး။ ဒါပေမယ့် အခုဟာက ကျောင်းလာပြီး စာလုပ် နေကြတာပါ။ ကြည့်ရတာ ထိတွေ့မှု လည်းမရှိဘူး။  သက်သက်ကြီး လာကြဲသွားတာ။  ကားတစ်စီး ဆိုင်ကယ်လေးစီး လဲပျက်ဆီးသွားတယ်” လို့ Northwest Plains Revolution ary Forces – NPRF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲသွားတဲ့ ကန်ရင်းရွာဟာ အကြမ်းဖက်စစ်တပ် တိုက်ခိုက်မှူ တွေကို မကြာခဏ ခံနေရတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

အဲ့ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ကန်ရင်းရွာက ပြည်သူတွေ ကြောက်လန့်ပြီး  ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ကန်ရင်းရွာ မူကြိုကျောင်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲအပြီး တွေ့ရစဥ် (ဓာတ်ပုံ NPRF)
0 Shares:
You May Also Like
Read More

ပုလဲမှာ ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်း ‌စက်ရေတွင်းတူးဖေါ်မှု မြို့နယ် ပအဖ သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူသားစာနာတာဝန်ခံနဲ့ တိုက်နယ်ပအဖခေါင်းဆောင်တို့ဟာ ဒီဇင်ဘာ ၂၃ ရက်က ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စက်ရေတွင်း တူးဖော်နေတဲ့နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၄၃ ယောက် သေဆုံးခဲ့ဟု AAPP ထုတ်ပြန်…

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ၆ လကျော်အတွင်း အရပ်သားပြည်သူ ၁၄၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သဘာ၀ဘေးမှာ အသုံးပြုဖို့ ထိုင်းက ဘတ် ၁၀ သိန်း တန်ဖိုးရှိ မြေတူးကား လှူဒါန်း၊ စင်ကာပူအဖွဲ့ကလည်း ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့

မြန်မာနိုင်ငံကို ရောက်ရှိပြီး ငလျင်ဘေးမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ထိုင်းနဲ့ စင်ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးပစ္စည်းတွေ အသီးသီးလှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်ဖို့ သင်ကြားပေးနေ (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်အောင် အခြေခံစစ်ပညာသင်တန်းကာလကတည်းက ရဲဘော်တွေကို သင်ကြားပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (Myanmar Defense Force) က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။