ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးသထူခရိုင်၊ သထုံမြို့နယ် အတွင်းက တက်တူကုန်း ကျေးရွာကို အာဏာသိမ်း စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ ဒေသခံ တယောက် ကိုလည်း ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ KNU ​ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ  ကဒီပုကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာ အတွင်းကို ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်စစ်ကြောင်းဟာ တက်တူကုန်း ကျေးရွာအတွင်း တပ်စွဲနေချိန်  ဒေသခံတွေရဲ့ နေအိမ်တွေကို အဓမ္မဝင်ရောက်ရှာဖွေခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ 

ဒေသခံတွေဖြစ်တဲ့ ဒေါ်မိုးမိုးဝင်း အသက်- ၄၃ နှစ်ရဲ့ နေအိမ်တံခါးကို ဖျက်ဆီးကာ ဆိုင်သုံး ပစ္စည်းတွေနဲ့ ငွေကျပ် (၁) သိန်း၊ ဒေါ်မြရှင် အသက်-၇၇ နှစ်ရဲ့ နေအိမ်က ငွေကျပ် (၂) သိန်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ၊  ဦးသာဒွန်း အသက်-၄၇ နှစ်ရဲ့ နေအိမ်ကို ဖောက်ထွင်းကာ ဆိုင်ကယ်တစ်စီးနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊  ဦးအောင်သက်ဝင်း အသက်-၅၇ နှစ်ရဲ့ နေအိမ်တံခါးကို ဖျက်ဆီးကာ ပစ္စည်းတွေကို အသီးသီး ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ KNU)

ဒါ့အပြင် ဒေါ်ခင်နှင်းသက် အသက်-၅၆ နှစ်၊ ဒေါ်ကြည်အေး အသက်-၅၆ နှစ်၊ ဦးဘဂျမ်း အသက်-၄၇ နှစ်နဲ့ ဒေါ်ရင်ဌေးအသက်-၆၇နှစ်တို့ရဲ့ နေအိမ်တွေကိုလည်း စီးနင်းဝင်ရောက်ကာ အိမ်အသုံးအဆောင် ပစ္စည်းတွေနဲ့ တခြား အသုံးအဆောင် ပစ္စည်းတွေကို စစ်တပ်က ယူဆောင် သွားတဲ့ လို့ KNU က ဆိုထားပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ အမတ-၃၁၄ တပ်ရင်း ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တက်တူကုန်းရွာက ဒေါ်လှသန်း အသက်-၇၇ နှစ်အရွယ်ရဲ့ နေအိမ်ပျက်စီးခဲ့ပြီး ကဒီပုရွာသစ်က အသက် ၃၈နှစ် အရွယ် စောချစ်သူဆိုသူကို စစ်တပ်က ဖမ်းဆီးပြီး  ရိုက်နှက်ညှင်းပန်း နှိပ်စက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီလ ၁၀ ရက်က ၁၂ ရက်နေ့အထိ ကျေးရွာအတွင်း သုံးရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာသာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ KNU က သတင်း ထုတ်ပြန်ထားပါတယ်။ 

(ဓာတ်ပုံ KNU)
(ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

စလင်းမြို့အနီး မြို့နယ် ပကဖ က စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့အနီးမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း ပကဖ) ဆီက သိရပါတယ်။
Read More

ဆိုင်ခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ လှိုင်ရတနာဈေး မီးလောင်မှု

ရန်ကုန်မြို့က သက်တမ်းရင့် ဘာဒါစျေးလို့ လူသိများတဲ့ လှိုင်ရတနာစျေးမီးလောင်ကျွမ်းမှုမှာ တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ညောင်ပင်သာရွာခံ ၁၉ဦး အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဥ်ကို ခမရ ၄၈ တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း ဖမ်းဆီးခံသုံ့ပန်း ထွက်ဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာဖြစ်ပွား​ခဲ့တဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဥ်ဟာ ခမရ ၄၈ တပ်ရင်းမှူး မင်းဇော် နဲ့ အဆင့်ဆင့်သော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း PDF  အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၁ ယောက်က ဝန်ခံထွက်ဆိုပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။