မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးသူတွေ ရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေး ဆိုခွင့်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ (၁၅) ရက် မနက်(၁၀) နာရီလောက်မှာ စစ်ကော်မရှင် တပ်သား အင်အား ၂၀၀ ဝန်းကျင်လောက်အောင်သပြေရွာ အနီးကို စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်း ထိုးလာချိန် အောင်သပြေရွာ နားအရောက်မှာ ကာကွယ်‌ ရေးတပ်က ပျောက်ကြား တိုက်ခိုက်ခဲ့ရာအပြန်အ လှန်ထိတွေ့မှု ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်သွားတဲ့ ရဲဘော်က တိုက်ပွဲ အတွင်းမှာ လက်မောင်းကို ကျည်ရှပ်ထိ သွားပါတယ်။ ဒီ စကစ စစ်ကြောင်းဟာ ပြည်သူ တွေဆီက သိန်း၂၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဖုန်းနဲ့ ငွေ တွေကို ယူသွားတယ်လို့ သတင်းရပါတယ်” လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကိုပြောပါတယ်။

(ဓာတ်ပုံ MSRF)



ထိတွေ့မှုအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်က သုံးယောက်သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရရှိ ခဲ့သလို ကာကွယ်ရေး တပ်ဘက်ကလည်း ရဲဘော် တစ်ယောက်မစိုးရိမ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်သားတွေဟာ ခမရ ၅၈၈၊ ခလရ ၁၀၆၊ အမတ ၃၁၇ တပ်ရင်း (၃)ရင်းတွေ ကနေ စစ်ကြောင်းထိုးလာတာလို့ ယူဆရပြီး ပစ်ခတ်မှုဖြစ်ပွား ပြီနောက် ဆုတ်ခွာသွားတယ် လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန ကွပ်ကဲမှု‌ အောက်က တပ်တွေ ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ရေးပြည်သူ့ ကာကွယ်ရေးတပ် (YPDF) တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြတာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ဖြူးမြို့နယ်တွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၂ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးစစ်ဆေးတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား (၂)ယောက်သေဆုံးပြီး ထိခိုက်သူတွေ ရှိခဲ့တယ်လို့ ဧရာဝတီအမှတ် (၃)တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဇန်နဝါရီလ (၂၃)ရက်၊ မနေ့ မနက်ပိုင်းက ဖြူးမြို့နယ်၊ ဇောင်းလျှားခုံကျေးရွှာဆီ ရှောင်တခင် ဝင်ရောက်ဝင်ရောက်စစ်ဆေးတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတက်ဖွဲ့ဝင်တွေက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့နိုင်တယ်လို့ သိရပါတယ်။
Read More

အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့က နွေဦးတော်လှန်ရေး လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်ရောက်  Free Burma Action Committee-Northern California က ဦးဆောင်ပြီး “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုတဲ့ခေါင်းစဉ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။