မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ဖျက် ခဲ့တာကြောင့် အိမ် ၇၅ လုံး မီးလောင်ပျက်စီးပြီး အသက် (၇၀)အရွယ် အဘွားအို တစ်ယောက် မီးလောင် သေဆုံး ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း မြေပြင် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်က မြိုင်မြို့နယ် နှောပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က အင်အား ၁၅၀ ခန့်နဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
နေအိမ် ၇၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အသက် (၇၀)နှစ်အရွယ်အဘွားအို တစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြောင်မြို့နယ်အတွင်း ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Video – မြိုင်ဒေါင်းမင်း မြေပြင် သတင်းမှန်ပြန်ကြားရေးအဖွဲ့