ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၈ တပ်ကုန်းကို တော်လှန်ရေးရဲဘော်တွေ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Chin National Defense Force မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ရုပ်သံဖိုင်အတွင်း တော်လှန်ရေးရဲဘော်တွေက ဆက်သွယ်ရေးမြောင်နဲ့ ဗုံးခိုကျင်း အများအပြား တူးကာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းအနီး ချည်းကပ်နေကြတာကို တွေ့မြင်ရပါတယ်။

ဖလမ်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ ရက်က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၀၀ ဝန်းကျင်ဖမ်းဆီးမိခဲ့ပြီး လက်နက်မျိုးစုံလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းမှူးလည်း ခလရ ၂၆၈ စခန်းသိမ်းတိုက်ပွဲမှာ သေဆုံးသွားခဲ့ပါတယ်။

Video-Chin National Defense Force

0 Shares:
You May Also Like
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်သားများ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ ၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်ရှိ တဂဏန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး ၄ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၂၆ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန်ကလေးကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီး အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲထံက သိရပါတယ်။
Read More

သီပေါမြို့ကို လက်လွှတ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေ ကုန်တင်ယာဉ်တွေနဲ့ ထွက်ပြေး (ရုပ်/သံ)

သီပေါမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်‌တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်စစ်သားတွေနဲ့ တပ်မိသားစုတွေဟာ ကုန်တင်ယာဉ်တွေစီးပြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
Read More

ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၂၀ နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို   အောက်တိုဘာ ၉ ရက်က နေ့လယ်ပိုင်းက ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး ဒရုန်းနဲ့ လက်လုပ် ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ BGS Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ ပျူစောထီး ၂ ဦး​ သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။