စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ညောင်ကန်ရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ် တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ Wetlet Informational Network  က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ညောင်ကန်ရွာ စစ်ရှောင်တွေနေတဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၀၀ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် (၃၀)အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၁ ယောက် သေဆုံးပြီး  ၅ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ ထပ်မံတိုး လာနိုင်တယ်လို့ သိရပါတယ်။

ဗုံးဒဏ်ကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင်နဲ့ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး နွား ၁ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – Wetlet Informational Network

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းမြို့နယ် ကျောက်တိုင်‌ကျေးရွာတိုက်နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းမကြီဘေး ကျောက်တိုင်ကျေးရွာ တိုက် နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က အမျိုးသားနေ့အထိမ်းအမှတ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရွှေမန်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်သေ တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAမှ သတင်းထုတ်ပြန်ထားပါ တယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နဘ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို အောက်တိုဘာ ၈ ရက် နံနက် ၅ နာရီခန့်ကနေ ၁၀ နာရီခွဲအချိန်အထိ SF-Z ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက် ခိုက်ပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံက သိရပါတယတိုက်ခိုက်ခံရတဲ့ အမတ ၃၁၈ အတွင်းရှိ လက်နက်ကြီး အထိုင်စခန်းနေရာ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နဲ့ အဆောက်အအုံတွေလည်း ပျက်စီးမှုရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဗိုလ်မှူးလိုက်ပါလာသည့် အိမ်စီးကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို လာတဲ့ အကြမ်းဖက်စစ်တပ်ဗိုလ်မှူးလိုက်ပါလာတဲ့ အိမ်စီးကားကို မိုင်း ၂ ကြိမ် ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။