မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပျဉ်းချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား တွေ ဆက်ကြေးကောက်ပြီး အပြန်လမ်းမှာ တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီက ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၄ ရက်ညပိုင်းက တောင်တွင်းကြီး မြို့နယ် ကုလားမကျေးရွာ လမ်းပေါက်မှာ သစ်လှည်း၊ ဝါးလှည်းတွေကို ဆက်ကြေးကောက်ပြီး ပျဉ်းချောင်းကျေးရွာကို ပြန်လာတဲ့ စစ်ကော်မရှင်တပ်သား တွေကို လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သား လေးယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရ သွားကာ MA1 သေနက်လေး လက်၊  79  တလက်၊  ၄၀ အသီး ၆ လုံး၊ ကျည် ၉၉၀ တောင့်၊ကျည်ဘောက် ၁၀ ခု၊ ကျည်ကာ ၂ ခုတို့ သိမ်း ဆည်းရရှိခဲ့တယ်လို့  သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)၊ သရက်ခရိုင်အမှတ် ၅ တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ် )၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ

0 Shares:
You May Also Like
Read More

မြို့သစ်မြို့နယ်ထဲတွင် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ PDF ရဲဘော် ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာအထိုင်ရဲစခန်းကို စစ်ကူပေးပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည် သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ကရင်နီစစ်ဒေသ တပ်ရင်းအမှတ် ၁၁၀၅ ဘောလခဲ PDF ဖွဲ့စည်းထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား (ရုပ်/သံ)

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကရင်နီစစ်ဒေသ အမှတ် ၁၁၀၅ တပ်ရင်း ဘောလခဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဖွဲ့စည်းတည်‌ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“ကမ္ဘာ့ကလေးများနေ့ ” အထိမ်းအမှတ်အခမ်းအနားမှ ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်အမှာစကား (ရုပ်/သံ)

"ကမ္ဘာ့ကလေးများနေ့ " အထိမ်းအမှတ်အခမ်းအနား မှာအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်း၀င်းခိုင်သန်းပြောကြားတဲ့ အဖွင့်အမှာစကား ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လာပါတယ်။