စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေး ကားလမ်းပေါ်က ကံတလူ တိုးဂိတ်အား တော်လှန် ရေးတပ်တွေက ညအချိန် ဝင်ရောက်စီးနင်းပြီး စစ်ကော်မရှင် တပ်သားတွေ တပ်စွဲထားတဲ့ နေရာကို ရှင်းလင်းခဲ့တယ်လို့ Sagaing PDF က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၅ ရက်  ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ပြည်သူလူထုကို နေ့စဉ်ဒုက္ခ ပေးနေတဲ့ စစ်ကိုင်းမြို့ အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်က ကံတလူတိုးဂိတ်ကို စီးနင်း တိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း  SAGAING PDF စစ်သည် ရဲမေတွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပြီး စစ်ကော်မရှင်တပ်သားတွေ အထိခိုက်များစွာနဲ့ စစ်ကိုင်းမြို့ဘက်ကို ဆုတ်ခွာ ထွက်ပြေး သွားတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီး ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို SAGAING PDF (စစ်ကိုင်းစစ်ကြောင်း) နဲ့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ကြတာလို့ သိရပါတယ်။

SAGAING PDF အနေနဲ့ Operation-677 ကို စတင်ဖော်ဆောင်နေပြီး  မိုးကုတ်-မိုးမိတ်ဒေသမှာလည်းအမျိုးသားညီ‌ညွှတ်ရေး အစိုးရ၊ကာကွယ် ရေး၀န်ကြီးဌာန လက်အောက်ခံတပ်တွေနဲ့ ပူးတွဲတိုက်ပွဲ ၀င်နေတယ်လို့ သိရပါတယ်။

Video – Sagaing PDF

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်တွေအတွက် ကိုမီးပွါး (တပ်ဖွဲ့တာဝန်ခံ) ရဲ့ သင်တန်းဆင်းအမှာစကား (ရုပ်/သံ)

''ပြည်သူရဲ့ စစ်သားတွေဖြစ်တဲ့အတွက် ပြည်သူတွေ ဆန္ဒကို ဖြည့်ဆည်းတဲ့နေရာမှာ ဒီတိုက်ပွဲက ဒီကနေ တိုက်လို့ ဒီကနေ ပြီးသွားမယ့်တိုက်ပွဲမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ရုပ်ပိုင်းဆိုင်ရာတွေဟာ ကြီးမြတ်နေရမယ်။ ခံစားချက်တွေနဲ့ တိုက်လို့မရဘူး။ အဲဒီခံစားချက်တွေကို ခံယူချက်၊ ယုံကြည်ချက်တွေအဖြစ်ပြောင်းလဲပြီး တိုက်ပွဲဝင်မှသာ ပြည်သူတွေလိုချင်တဲ့ ငါတို့တွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီးကို ရရှိမှာဖြစ်တယ်''
Read More

ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တာဝါတိုင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသူမိန်ရဲစခန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ တာဝါတိုင်ကို ရော့ကတ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖက ထုတ်ပြန် ထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

CNO/CNDF အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာနောက်ဆုံးပတ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Chin National Organization က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။