စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ပေါ်ရှိ မဲရုံကို ကာကွယ်ရေးပူးပေါင်းတပ်က ၂ ရက်ဆက် သွားရောက် တိုက်ခိုက် ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ( စစ်ဒေသ – ၃)ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းလောက်မှာ ချောင်းဦး မြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်အုပ်စုရဲ့ စခန်းနေရာတွေကို ၆၀ မမ လက်နက်ကြီး နဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးမှုတော့ရှိနိုင်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ပစ်လိုက်တာတွေက မဲရုံထဲကျတယ်။ မဲရုံထဲ စစ်သာတွေရှိတယ်။ အပြင်မှာလဲ ရှိတယ်။ သေဆုံးတဲ့ အရေးအတွက်ကို စုံစမ်းနေပါတယ်” လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ( စစ်ဒေသ – ၃)ရဲ့ စစ်ကြောင်းမူးက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ BLDF)
(ဓာတ်ပုံ BLDF)

အလားတူ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း လောက်မှာ အဲဒီမဲရုံကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနှစ်စီးနဲ့တစ်ပြိုင် တည်း သွားရောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေး ပူးပေါင်းတပ်တွေ အခုလို သွားရောက် ပစ်ခတိခဲ့တာကြောင့် အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေဟာ paramotor ၊ gyrocopter၊ ပွိုင့် 5 ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ( စစ်ဒေသ – ၃) က ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၄) တပ်ရင်း၊မုံရွာခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၂ )/Commando Force၊ မုံရွာခရိုင် အမှတ် ( ၁၅ ) တပ်ရင်း တပ်ခွဲ ( ၄ )၊ Black Leopard Force (BLF) တပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက် ခဲ့ကြတာလို့ သိရ ပါတယ်။

လက်ရှိမှတော့ ချောင်းဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေဟာ ခြေရှုပ်နေတာမျိုး တွေရှိတယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ BLDF)
0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း ရိက္ခာနှင့် စစ်ကူ ပို့သည့် စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင်

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်း မြို့သစ်တွင် အိုးဝေမရပ်ပေးမှုကြောင့်  အမျိုးသား ၄ ဦးကို စစ်အုပ်စု ပစ်သတ်ပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွား

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ အိုးဝေမရပ်ပေးမှုကြောင့် အကြမ်းဖက်စစ်တပ်က အမျိုးသား ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး ပါလာတဲ့ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားခဲ့ကြောင်းမြို့သစ်မြို့နယ် ပကဖ တာဝန်ရှိသူထံကသိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ တရုတ်ပိုင် စက်ရုံ ၂ ခုကို ဖောက်ခွဲတိုက်ခိုက်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တာတွေ များလာတဲ့ ရန်ကုန်တိုင်းထဲက တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ခုကို မိုင်းခွဲသတိပေးခဲ့ကြောင်း The Grand Unsung အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

အဓမ္မ စစ်မှုထမ်းခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် Loikaw Local PDF ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Loikaw Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။