စစ်ကိုင်းနဲ့ မကွေးတိုင်းထိစပ်ရာ ကလေး-ကဘော်-ဂန့်​ဂေါလမ်းပိုင်း အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေမှာ တပ်စိတ်မှူး အပါအဝင် CDF -KKG က တပ်ဖွဲ့ဝင် ၁၂ ယောက် ကျဆုံးခဲ့ရ တယ်လို့  Chinland Defense Force Kalay-Kabaw-Gangaw သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက စလို့ လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ ကလေး-ကဘော်-ဂန့်ဂေါလမ်းပိုင်းအတွင်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေမှာ  CDF -KKG တပ်ရင်း ၆ ခုက တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်။

CDF-KKG သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူကတော့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို အသိမှတ်ပြု ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

” တပ်ရင်းအသီးသီးက ရဲဘော်တွေ ရဲ့ကြိုးစားမှု၊ ပေးဆပ်မှုတွေကို အသိမှတ် ပြုတယ်။ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတော့ ထုတ်ပြန်ချက်တွေ မထုတ်ပြန် ဖြစ်ခဲ့တာပါ။  ပေးဆပ်မှုအတွက် အများကြီးကျေးဇူးတင်ပါတယ်” လို့  Chinland Defense Force Kalay-Kabaw-Gangaw  သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ CDF-KKG တပ်ရင်း)

ကျဆုံးခဲ့ရတဲ့ သူတွေဟာ CDF – KKG တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၇) တို့မှာ တာဝန် ထမ်းဆောင်နေကြ သူတွေဖြစ်ပြီး တပ်စိတ်မှူးနဲ့ ရဲမေတွေ ပါဝင်သလို မှန်တော၊  အောင်သာယာ၊  လက်ပံချောင်းနဲ့ အနောက်တောလေးရွာ စတဲ့ တိုက်ပွဲတွေမှာ အသီးသီး ကျဆုံး ခဲ့ကြတာလို့လည်း  သိရပါတယ်။

တပ်စုမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ Pu Lian Khem၊ ရဲဘော် Bawi Tuah Kim ၊ ရဲဘော်ဖြိုးကိုအောင်၊ ရဲဘော်မင်းကို၊ ရဲဘော် -Pum Luah Cin (or)Pum Lua၊ ရဲဘော် မောင်အေး (ခ) ရဲမာန်၊ ရဲဘော် Bi Za Ting၊ ရဲဘော်ဇေယျာမျိုး၊ ရဲဘော်ကြယ်စင်ကျော်၊ ရဲဘော်ရန်လင်းအောင်၊ ရဲဘော်ရှိုင်းထက်စိုး(ခ) ပိန်သေးနဲ့ ရဲမေ Dim Man Cing တို့ဟာ ၄ လ တာတိုက်ပွဲအတွင်း အသီးသီး ကျဆုံးခဲ့ရတယ်လို့ Chinland Defense Force Kalay-Kabaw-Gangaw က ပုံတွေနဲ့တကွ ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ကစလို့ CDF KKG နဲ့ မဟာမိတ် တပ်ဖွဲ့တွေဟာ Major Operation စစ်ဆင်ရေးအဖြစ် ကလေးနဲ့ ဂန့်ဂေါမြို့နယ်ကြားက အကြမ်းဖက် စစ်တပ်စခန်းတွေကို ချေမှုန်းတိုက်ခိုက် နေခဲ့တာဖြစ်ပြီး လက်ရှိ အချိန်အထိ ထိတွေ့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်သူ ဝမ်းသာမည့် ကိစ္စရပ်များကို ရှောင်ရှားကာ တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးကို ရှေ့ရှုကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

လူမျိုးစုတွေ ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ  ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

မအူပင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သင်တန်းတက်ပြီး ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၉ယောက်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပခုက္ကူမြို့ပေါ် မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံရှိ စစ်အုပ်စုကို တော်လှန်ရေးရဲဘော် ၇ ဦး ဝင်ရောက်တိုက်ခိုက်၊ ရဲ ၄ ဦး သေပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ Pakokku - Special Task Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ က စစ်ကောင်စီတပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းက စစ်ကောင်စီ တပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။