မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်မှာ သစ်လှည်း၊ ဝါးလှည်းတွေဆီက ဆက်ကြေးကောက် ငွေညှစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ လေးယောက် သေဆုံးပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းက တောင်တွင်းကြီးမြို့နယ်၊ နေပြည်တော် -တောင်တွင်းကြီး ရထားလမ်းဘေး၊ ကုလားမကျေးရွာ လမ်းပိုင်းမှာ ဆက်ကြေးကောက် ငွေညှစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

” ဒီကောင်တွေ ဆက်ကြေး​ကောက်တဲ့ သတင်းက ရထားတာကြာပါပြီ။  သေချာအောင်စုံစမ်းပြီး အချိန်ယူ လုပ်ဆောင် ခဲ့တာပါ။  ထိတွေ့မှုဖြစ်ပြီး ကျနော်တို့ လည်းအထိခိုက်မရှိ  ညတွင်းချင်းပဲ ပြန်ဆုတ်ခဲ့ပါတယ်” လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲပြီး ဆုံးချိန်မှာတော့ သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားတွေဆီ ကနေ MA1 သေနက်လေးလက်၊  79 သေနတ်တလက်၊  ၄၀ မမဗုံးသီး ၆ လုံး၊  ကျည် ၉၉၀ တောင့်၊ ကျည်ဘောက် ၁၀ ခုနဲ့ ကျည်ကာ ၂ ခုတို့ကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်း ရမိခဲ့ပါသေးလို့ ဆိုပါတယ်။

တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များနှင့် အတူတွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် များ

တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တဲ့ စစ်အုပ်စုဟာ တောင်တွင်းကြီး မြို့နယ်အခြေစိုက် ကပစ(၁၈) တပ်က အကြမ်းဖက် စစ်သားတွေ ဖြစ်ကြပြီး ကပစ (၁၈) နဲ့ သိပ်မဝေးတဲ့ ပျဥ်းချောင်း ကျေးရွာမှာ အထိုင်ချ တပ်ဆွဲနေတာလို့ သိရပါတယ်။

အဲ့ဒီရွာကနေမှတဆင့် နေ့စဥ် ကုလားမကျေးရွာ လမ်းပိုင်းပေါ်ကိုတက်ကာ လှည်းတွေ၊ ကားတွေဆီက ဆက်ကြေးကောက် ငွေညှစ် နေတာကြောင့် အခုလို အချိန်ယူ တိုက်ခိုက်ခဲ့တာလို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် တွေဟာ ၁၅ မိနစ်ကျော်ကြာအပြန် အလှန်ပစ်ခတ်ခဲ့ကြပြီး အဲ့ဒီပစ်ခတ်မှု အတွင်း စစ်အုပ်စုဘက်က ထိခိုက် သေဆုံးမှုတွေ ရှိခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး)နဲ့ အတူ သရက်ခရိုင် အမှတ် ၅ တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ် )၊  မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊  မကွေးပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ လည်းသိရပါတယ်။

တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးကို ကျည်ထိမှန်ကာ အောက်ပိုင်းသေသွားသည့် ၁၉ နှစ်အရွယ် ရဲဘော် ၂ နှစ်အကြာတွင် ကွယ်လွန်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က အရပ်သားများကို ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်နေချိန် ဘေးကင်းလုံခြုံသည့် ဆေးရုံဆေးခန်းများ လိုအပ်နေပြီဟု ဦးမင်းကိုနိုင် ပြောကြား…

အကြမ်းဖက်စစ်တပ်က ဖက်ဆစ်အပြုအမူအတိုင်း ရိုင်းစိုင်းစွာနဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေလို အရပ်ဖက်ပစ်မှတ်တွေအပါအဝင် လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်နေချိန်မှာ ဘေးကင်းလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါ ၄ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ (၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကို ယုံကြည်နိုင်တယ်၊ သံသယဖြစ်စရာ မရှိဘူးဟု အာဏာသိမ်းစစ်တပ် ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီ ပြော

အာဏာသိမ်းစစ်တပ်က စီစဥ်ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို သံသယမဖြစ်ဘဲ ယုံကြည်နိုင်တယ်လို့ ပျော်ဘွယ်မြို့နယ်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောခဲ့ပါတယ်။