ပဲခူးတိုင်း ၊ နတ်တလင်းနယ်ကို စစ်ကော်မရှင်တပ်စစ်ကြောင်း ထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့လို့ သေဆုံးခဲ့ တာတွေရှိတယ်လို့ Bamar Revolution Army-B.R.A တပ်ဖွဲ့ ဆီက သိရပါတယ်။

အဲ့ဒီလို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က နှစ်ယောက်ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန်တစ်ယောက် ကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

” စစ်တပ်က နှစ်ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ဆေးရုံမှာ သေတာကတော့ ပြည်သူဆီက သိရတာပါ။လက်ရှိ တိုက်ပွဲဖြစ် တဲ့နေရာကို ကျွန်တော် တို့နယ်မြေရှင်းလင်းမှူတွေ ပြုလုပ်ပြီး ပါပြီ” လို့ Bamar Revolution Army-B.R.Aတပ်ဖွဲ့ရဲ့  တပ်ခွဲမှူး လကျ်ာက မောင်းကိုပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက် မနက် ၉ နာရီလောက်မှာ စစ်ကော်မရှင်တပ်သား အင်အား ၇၀ ဝန်းကျင်နဲ့ ငုတ်တိုရွာဖက်ကို စစ်ကြောင်း ထိုးလာချိန် ရွာထိပ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

(ဓာတ်ပုံ Bamar Revolution Army)

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကော်မရှင် တပ်ဘက်မှ ပစ်လိုက်တဲ့ ဒရုန်းဗုံးသီးကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့  သရက်ပင်ကန်ရိုးရွာက ပြည်သူတစ်ယောက်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒေသခံက ဒရုန်းဗုံးသီးကြဲ ချရာမှာ ထိတာပါ။ ပြည်သူက စစ်ရှောင်ဖို့ ဆိုင်ကယ်နဲ့ အထွက်မှာ ထိတာပါ။ အခုလက်ရှိ ရွာသားအားလုံးက ရှောင်နေကြပါတယ်” လို့ တပ်ခွဲမှူး လကျ်ာက ဆက်ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သားတွေထဲက တစ်ချို့ဟာ နတ်တလင်းဖက် ကိုပြန်ဆုတ်ပြီး တချို့က‌တော့ မင်းလှဖက်ကို စစ်ကူထွက်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Bamar Revolution Army-B.R.A တပ်ခွဲ ၄ နဲ့ တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ရင်းရုံး ရဲဘော်တွေက ပူးပေါင်းလုပ် ဆောင်ခဲ့ကြတာ လို့သိရပါတယ်။

စစ်ကော်မရှင် တပ်သားတွေဟာ လေကြောင်းက‌ အပြင်းထန် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ကြောင့် ပြည်သူတွေ သတိပြုနေထိုင် ကြဖို့နဲ့ အကြမ်းဖက်စစ်တပ်နဲ့ နီးတဲ့ နေရာတွေမှာ မနေပဲ ရှောင်ရှား ကြဖို့ကိုလည်း Bamar Revolution Army-B.R.A တပ်ဖွဲ့က သတိပေး တိုက်တွန်းထား ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်မှာ စစ်ကောင်စီ ဆယ်ဘီးကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြို့သာစက်မှုဇုန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဆယ်ဘီးကား ၁စီးကို ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက နယ်ထိန်း ဒုတပ်ကြပ် ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျားဖြန့် အဆောက်အအုံများ နေ့စဥ် ဖြိုခွဲပြနေကြောင်း စစ်ကော်မရှင် ဆက်တိုက်ထုတ်ပြန်နေ၊ KK Park အဆောက်အဦး ၆၀၀ ကျော်အနက် ၂၀၀ ကျော် ဖျက်ဆီးပြီးပြီဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊  မြဝတီ-မဲထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၆၀၀ ကျော်ထဲက ၂၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ် တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။
Read More

တောင်သာက စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။