ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသူမိန်ရဲစခန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ တာဝါတိုင်ကို ရော့ကတ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖက ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနဲ့ လက်နက်ကြီး တပ်ဆင်ထားတဲ့ တာဝါတိုင်ကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA ရင်း ၇၊ ရန်ကုန်တိုင်း စစ်ဌာန ဗျူဟာ ၂၈ နဲ့ ပဲခူးခရိုင် ပကဖ လက်နက်ကြီး တပ်ဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ပဲခူးခရိုင် ပကဖ

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က အမျိုးသားနေ့အထိမ်းအမှတ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရွှေမန်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမရှော့ တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြိုင်မြို့ စီမံကိန်းရုံး စစ်တပ်အထိုင်စခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၂ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံး စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁၂ ယောက်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။
Read More

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

စစ်တပ် ရွေးကောက်ပွဲအတု ပြုလုပ်နေချိန် PDF များ အမြန်လမ်းတွင် စစ်ဆေးရေးလုပ်ခဲ့

အာဏာသိမ်းစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ စတင်ကျင်းပနေချိန်အတွင်း PDF ရဲဘော်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို တက်ပြီး လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။