စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲ မဲသယ်လာတဲ့ အိမ်စီးကား ၂ စီးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ 5/ Commando Force က သတင်းထုတ်ပြန် ထားပါတယ်။
အကြမ်းဖက်စစ်တပ် စစ်သားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အင်အား အပြည့်ပါတဲ့ သံပြားကာကား ၃ စီးနဲ့ မအူဂိတ်မှာ ဝင်ရောက်လာပြီး လမ်းကင်းတွေ၊ ကင်းပုန်းတွေချကာ ပြည်သူပိုင် ကားတွေကို အဓမ္မ ငွေကြေး တောင်းရမ်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီငွေတောင်းနေတဲ့ နေရာကို ချောင်းဦးမြို့ ကနေ အတုအယောင် ရွေးကောက်ပွဲ မဲတွေ သယ်လာတဲ့ အိမ်စီးကား ၂ စီး ရောက်ရှိလာပြီး တံတားဖြူ အရောက် အဝေးထိန်း ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ တယ်လိ့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ပိုက်ဆံတောင်းနေတဲ့ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video – 5/ Commando Force