အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း နဲ့ မြေပြင် တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း အမျိုးသမီး ၇၉၂ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီး ၇၉၂ ယောက်ထဲမှာ လေကြောင်း ဗုံးကြဲမှုကြောင့် (၆၂၁) ယောက်၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၁၀၂) ယောက်၊ မတရား သတ်ဖြတ်မှုကြောင့် (၃၉) ယောက် ၊ မြေမြှုပ်မိုင်းကြောင့် (၁၃) ယောက် ၊ မီးရှို့ သတ်ဖြတ်မှုကြောင့် (၆)ယောက်၊ ပဋိပက္ခ နဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှု (၅) ယောက်၊ ထောင်တွင်း ဆေးဝါး ကုသခွင့်မရ ရှိမှုကြောင့် (၃) ယောက် နဲ့ ကျည်ထိမှန်မှုကြောင့် (၃) ယောက်တို့ ဖြစ်ကြ ပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂရဲ့ အချက်အလက် ကောက်ယူမှတ်တမ်းတွေ အရ ၂၀၂၅ ခုနှစ်အတွင်း သေဆုံးခဲ့တဲ့အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက ၂၁၇ ယောက်၊ မန္တလေးတိုင်းမှ ၁၂၃ ယောက်၊ ရခိုင်ပြည်က (၁၁၉) ယောက် ၊ ရှမ်းပြည်နယ် (၈၁) ယောက်နဲ့ မကွေးတိုင်းက (ယ၆၉ ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း သေဆုံးခဲ့ရတဲ့ အမျိုးသမီး တွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်း ဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၈) ရက်နေ့မှာ မြောက်ဦးမြို့နယ် ရမ်းချောင်း အနီးတစ်ဝိုက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ အတွက် အမျိုးသမီး ၂၁ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် (၅၇၆)ယောက်၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၁၆၄) ယောက်၊ မြေမြှုပ်မိုင်းကြောင့် (၄၁) ယောက်၊ ပဋိပက္ခ နဲ့ ဆက်နွယ် တဲ့လိမ် ပိုင်းဆီုင်ရာအကြမ်းဖက်ခံရမှု (၂၆) ယောက်၊ ညှင်းပန်း နှိပ်စက်ခံရမှုကြောင့် (၅) ယောက်၊ ကျည်ထိ မှန်မှုကြောင့် (၂) ယောက် စုစုပေါင်း အမျိုသမီး (၈၁၅) ယောက် ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ လည်း BWU ကဆိုပါတယ်။
အကြးဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန် နေတဲ့အတွက် အမျိုးသမီးတွေ နေ့စဉ် နဲ့ အမျှအသက် ဆုံးရှုံးနေရတယ်လို့ BWU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။