မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ   မူးယစ်ဆေးဝါးတွေ ယူဆောင်ပြီး ပျော်ပွဲစားထွက်လာတဲ့ မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူ  စိန်လွင််ကို လက်ရဖမ်းဆီး ထားပြီလို့ မြင်းခြံခရိုင် တပ်ရင်း(၃) တာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စိန်လွင်ဟာ မြင်းခြံခရိုင်အတွင်း အရပ်သားပြည်သူတွေကို ဆိုးဆိုးရွားရွား ဖိနှိပ်နေတဲ့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်ပြီး ဒုတိယပျူစောထီးခေါင်းဆောင် တစ်ယောက် ဖြစ်တယ်လို့ လည်း မြင်းခြံခရိုင် တပ်ရင်း (၃) တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက တောင်သာမြို့နယ်၊ မြင်းခြံ-ညောင်ဦးလမ်းပိုင်းမှာ ပုဂံညောင်ဦး ဘက်ကို ပျော်ပွဲစား ထွက်လာတဲ့ စိန်လွင်ကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၂) တပ်ဖွဲ့ဝင်တွေက လက်ရဖမ်းဆီး နိုင်ခဲ့တာဖြစ်ပြီး စိန်လွင်နဲ့ အတူ မူးယစ် ဆေးဝါးတွေပါ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိတဲ့ အထဲ စိန်လွင်နဲ့ အတူအမျိုး သမီး၂ ယောက်လည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

” မနေ့က မနက် ၈ နာရီလောက်မှာ မိတာပါ။ သူနဲ့အတူ သူဖြားယောင်း သွေးဆောင်လာတဲ့ အမျိုးသမီး၂ ယောက်လည်းပါပါတယ်။  အခုတော့ စိန်လွင်ကို အချုပ်ထဲ ထည့်ပြီးစစ်ဆေးဆဲပါ။  အမျိုးသမီးတွေကိုလည်း အပြင်မှာ ထား​ပြီးစစ်ဆေး နေပါတယ်” လို့ မြင်းခြံ ခရိုင်တပ်ရင်း(၃) တာဝန်ရှိသူ က မောင်းကို ပြောပါတယ်။

စိန်လွင်အနေနဲ့ ဖမ်းဆီးခံရချိန် မူးယစ်ဆေးအလွန် အကျွံသုံးစွဲထား မှုကြောင့် စိတ်မတည် မငြိမ်ဖြစ်နေပြီး အသေးစိတ် ဆက်လက်စစ်ဆေး နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သီတာယုမွန်အနေနဲ့ လည်း အမျိုးသားဖြစ်သူ ဖမ်းဆီးခံရမှုကို မသိရသေးခင် အမျိုးသား သွားရောက်ရာကေတီဗွီနဲ့ ကာရာအိုကေခန်း တွေဆီ လှည့်ပတ်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

” သီတာယုမွန်ကတော့ မြို့ပေါ်မှာ တော်တော် သောင်းကျန်း နေတယ်ပြောရမယ်။ သူ့ယောကျာ်းသွားတက်တဲ့ ကေတီဗီတွေ ကိုပေါ့။ ဘာလို့ဆို သူ့လင်ကဆေးချ ဘာညာ အကုန်လုပ်နေတာ ” လို့  မြင်းခြံ ခရိုင်တပ်ရင်း(၃)တာဝန်ရှိသူက မောင်း ပြောပါတယ်။

တောင်သာမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကစလို့ အကြမ်းဖက်စစ်ကြောင်းတွေ ဆက်တိုက်ဝင်ရောက်နေရာမှာ သီတာယုမွန် လက်ပါးစေ​ ပျူစောထီးအဖွဲ့ဝင်တွေ​ ရှေ့ဆုံးကနေ ပါဝင်နေတာလို့ လည်းဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးရမိထားသည့် စိန်လွင်နှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဥ် (ဓာတ်ပုံ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း)

0 Shares:
You May Also Like
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်ပေးရန် အလှည့်ကျလာပြန်

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေကို ခြိမ်းခြောက် ဝါဒဖြန့်ခိုင်းနေရာမှာ သရုပ်ဆောင်တွေပြီးတဲ့နောက် အဆိုတော်တွေအလှည့် ရောက်လာပြန်ပါပြီ။
Read More

“လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိ” လမ်းစဉ် ကို ကိုင်စွဲထားသည့် ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်ကို ဂုဏ်ယူကြောင်း TNLA သဝဏ်လွှာပေးပို့

“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စစ်ဘေးရှောင် သောင်းချီရှိနေတဲ့ ရေဦးမှာ ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တို့ လိုအပ်နေ

ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အနွေထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ထံက သိရပါတယ်။
Read More

ရွှေကုက္ကိုလ်မှာ ကျားဖြန့်နှိမ်နင်းရေးဆိုပြီး BGF ဖွဲ့ထားသည့် အထူးအဖွဲ့က လုပ်ငန်းခွင်တွေကို လိုက်လံရှာဖွေစစ်ဆေးနေ

စစ်ကောင်စီလက်အောက်ခံ စောချစ်သူခေါင်းဆောင်တဲ့ BGF က ကျားဖြန့်နဲ့ လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းပြီးနောက် အဆိုပါအဖွဲ့က ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ လုပ်ငန်းခွင်တွေနဲ့ လူနေထိုင်ရာ အဆောင်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။