မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ ၂၂ လက်နက်ခဲယမ်းထုတ်လုပ်ရေး စက်ရုံဆီ သွယ်တန်းထားတဲ့ မီးကြိုးတွေကို ရှင်းလင်းပြီး ခဲယမ်းထုတ်လုပ်ရေးကို ရပ်တန့်စေခဲ့တယ်လို့ ဆိပ်ဖြူအခြေစိုက် တော်လှန်ရေးတပ်ဆီက သိရပါတယ်။
ဒီဇင်ဘာလ၂၃ရက်နဲ့ ဇန်နဝါရီလ ၆ရက်နေ့တွေက စလင်း မြို့နယ်က တဆင့်တိုက်ရိုက် သွယ်တန်းထားတဲ့ ဓာတ်တိုင်နဲ့ မီးကြိုးတွေကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကပစ ၂၂ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံဆီ ဓာတ်အားလိုင်းရောက်ရှိ နေတာကို ဖြတ်တောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့လိုမိုင်းခွဲ ခဲ့တာကြောင့် စက်ရုံအတွင်း ထုတ်လုပ်ရေးတွေရပ်ဆိုင်းသွားခဲ့ပြီး တစ်ပတ်ကြာ သောက်သုံးရေပြတ်လပ်စေခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP) က ပြောပါတယ်။
ဒါ့အပြင် မီးကြိုးနဲ့ ဓာတ်တိုင်တွေ လာရောက်ပြင်ဆင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကိုလည်း နင်းမိုင်းတွေထောင်ထား ခဲ့တာကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး Ldf နဲ့ အတူ ပခုက္ကူ ခရိုင် အမှတ် တပ်ရင်း (၄) တပ်ခွဲ(၃)၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) တို့ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Video – Ko Htike