မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ (၂၂) စက်ရုံဆီ သွယ်တန်းထားတဲ့ မီးကြိုးနဲ့ မီးတိုင်တွေကို မိုင်းခွဲ ဖျက်ဆီးတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စု လက်နက် ထုတ်လုပ်ရေးလုပ်ငန်းစဥ်တွေကို ရပ်ဆိုင်းစေခဲ့တယ်လို့ တပ်ဖွဲ့တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၃ ရက်နေ့နဲ့ ဇန်နဝါရီလ ၆ရက်နေ့တွေမှာ စလင်းမြို့နယ်က တိုက်ရိုက်သွယ်တန်း ထားတဲ့ ဓဓာတ်တိုင်နဲ့ မီးကြိုးတွေကို ဆိပ်ဖြူအခြေစိုက်​တော်လှန်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့ပြီး  မြို့နယ်အတွင်းက  အမှတ် (၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံဆီ ဓာတ်အားလိုင်း ရောက်ရှိနေတာကို ဖြတ်တောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ် တိုင်တွေကို မိုင်းခွဲတိုက်ခိုက်ရာမှာအဓိကပါဝင်ခဲ့တဲ့ ဆိပ်ဖြူ တကိုယ်တော်ကျားဇိုးက “စလင်းကနေ ကပစ ၂၂ ကိုတန်းသွယ်ထားတဲ့ တိုင်တွေကို ဖျက်ဆီးခဲ့တာပါ။ ​ ဆိပ်ဖြူမြို့က​နေဆို ၉ မိုင်လောက်အကွာမှာ ရှိတဲ့တိုင်တွေပါ။  အဲ့တိုင်တွေက ရွာတွေဆီ ပေးတာမဟုတ်ဘူး။ စက်ရုံတွေကို ပို့တာပါ။ ကျွန်တော်အပါအဝင် လုပ်ခဲ့တာဆိုရင် ဓာတ်တိုင် ၁၀ တိုင် လောက်ကျိုးတယ်။  မီးကြိုး ၃ ချောင်းလုံး အပိုင်းပိုင်းပြတ်ပါတယ်” လို့ မောင်းကို ပြောပါတယ်။

ကပစ (၂၂) မီးကြိုးများအား မိုင်းခွဲဖျက်ဆီးနေစဉ်
ကပစ (၂၂) မီးကြိုးများအား မိုင်းခွဲဖျက်ဆီးနေစဉ်

ဒီလုပ်ဆောင်မှုတွေကြောင့် ကပစ စက်ရုံကို သီးသန့်သွယ်တန်းထားတဲ့ မီးကြိုး (၁၀) တွဲနဲ့ ဓာတ်တိုင် အတိုင်( ၂၀) ထက်မနည်း ပျက်စီးသွားကာ စက်ရုံအတွင်း ထုတ်လုပ်ရေးတွေ ရပ်ဆိုင်းသွားစေ​ ခဲ့ကြောင်းနဲ့ တစ်ပက်ကြာ သောက်သုံးရေပြတ်လပ်စေ ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ကပြောပါတယ်။

ဒါ့အပြင် မီးကြိုးနဲ့ဓာတ် တိုင်တွေ လာရောက်ပြင်ဆင်တဲ့ အကြမ်းဖက် စစ်အုပ်စုတွေ အတွက်လည်း နင်းမိုင်းတွေထောင်ထား ခဲ့တာကြောင့် စစ်အုပ်စုဘက် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး Ldf နဲ့အတူ ပခုက္ကူ ခရိုင် အမှတ် တပ်ရင်း(၄) တပ်ခွဲ(၃)၊ ဆိပ်​​ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP) တို့ ပူးပေါက်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆိပ်​​ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)ရဲ့ ထုတ်ပြန်ချက်အရတော့ ဓာတ်အားလိုင်းလာရောက်ပြင်ဆင်တဲ့စစ်သားတွေကို နင်းမိုင်းအပြင် ၊ မိုင်းဆွဲတာ၊ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

ကပစ (၂၂) မီးကြိုးများအား မိုင်းခွဲ ဖျက်ဆီးပြီးပုံရိပ်များ
ကပစ (၂၂) မီးကြိုးများအား မိုင်းခွဲ ဖျက်ဆီးပြီးပုံရိပ်များ

ဒီတိုက်ခိုက်မှုတွေထဲ အကြမ်းဖက်စစ်အုပ်စုဘက်က ၅ ယောက်သေဆုံးကာ ခြေထောက်ပြတ်သူ ၃ ယောက် ရှိခဲ့တယ်လို့လည်း ဆိပ်​​ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) က ပြောဆို ထားပါတယ်။

အလားတူ ကပစ စက်ရုံဆီ ဓာတ်အားလိုင်းဖြတ်တောက်တာတွေကို တော်လှန်ရေးတပ်တွေအခုနောက်ပိုင်းပိုမို လုပ်ဆောင်လာကြရာမှာ  ပေါက်မြို့နယ်အခြေစိုက် ကပစ စက်ရုံတွေဆီ သွယ်တန်းထားတဲ့ မီးတိုင်တွေ ကိုလည်း မြိုင်ပကဖနဲ့ ပူးပေါင်းတပ်တွေက ဖျက်ဆီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့

နေပြည်တော် MICC2 မှာပြုလုပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှားထူးဝေါ်အဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်ထဲ စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၁၇၀၀ နီးပါး တိမ်းရှောင်နေရ

“ရှောင်ရတာက ပြောရမယ်ဆိုရင် နိုဝင်ဘာလဝက်လောက်ကတည်းက။ ဒါပေမယ့် နယ်မြေပြန်အေးပြီ ဆိုပြီးတော့ ပြန်ဝင်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့က ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမှာ ထပ် ရှောင်ရတာပေါ့နော်။ ဒေသခံတွေကတော့ လက်ရှိ ကျောချောင်းအစပ်ရယ်၊ သစ်ပင်ခြုံနွယ် ကောင်း တဲ့နေရာတွေမှာ ဘေးကအကာမပါဘဲနဲ့ ဆောင်းရာသီမှာ ဒီလိုလေး ဖြတ်သန်းနေရတယ် ”လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန - ပေါက်မြို့ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘီလုံး (သို့မဟုတ်) စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ရင်း ရဲရင့်စွာ အသက်ပေးခဲ့သူ

"သူက စစ်တိုက်ချင်တာ ငယ်ငယ်လေးကတည်းက၊ ဘာရယ်တော့မဟုတ်ဘူး။ ယူနီဖောင်းဝတ်ရရင် ပျော်နေတဲ့သူမျိုး။ အိမ်ကလည်း အစကတည်းက မဟုတ်မခံစိတ်ရှိတဲ့ ညီမတို့စိတ်ဓာတ်တွေကို မနိုင်လို့ လွှတ်ပေးထားတာ။ မေမြို့မှာ ကျမက သပိတ်တွေလည်းလုပ်တော့ အရင်ပြေးရတယ်။ အဲ့တာ ကျမက အရင်ပြေးတော့ သူကနောက်ကလိုက်လာတာ"
Read More

၂၀၂၄ အတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေအပါအဝင် စစ်ကောင်စီထိပ်တန်းအရာရှိ ၅၃ ယောက် သေဆုံး ဒဏ်ရာရ ဖမ်းဆီးခံရ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် သေဆုံးခဲ့

၂၀၂၄ တစ်နှစ်တာလုံး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း  ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး အဆင့်အပါအဝင် ထိပ်တန်း စစ်ကောင်စီအရာရှိ ၅၃ ယောက် သေဆုံး ဒဏ်ရာရ  ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။