ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတစ်ခုအပြီးမှာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိတို့ဟာ ဒရမ်အတူတီးခတ်ပြီး နှစ်နိုင်ငံရဲ့ ရင်းနှီးမှုကို ပြသခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ဇာတိမြို့ဖြစ်တဲ့  နာရာမြို့မှာ တောင်ကိုရီးယားသမ္မတကို လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပြီး (၁၅)နှစ်အတွင်း မြို့တော်တိုကျို မဟုတ်တဲ့ မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

တွေ့ဆုံပွဲအပြီးမှာတော့ ကမ္ဘာကျော်ကိုရီးယားအဖွဲ့ BTS ရဲ့ Dynamite သီချင်းတွေကို ဒရမ်တီးခတ် ဖျော်ဖြေခဲ့ပြီး သမ္မတကို ဒရမ်ဘယ်လို တီးခတ်ရလဲဆိုတာ ဂျပန်ဝန်ကြီးချုပ်က ရှင်းပြပေးခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီဒရမ်တီးခတ်မှုဟာ အလုပ်သဘောတွေ့ဆုံခြင်းထက်ပိုခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် ၂ ယောက်ရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို ထုတ်ဖော်ပြသရာ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Video – NHK world japan

0 Shares:
You May Also Like
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ ဂျပန်စစ်လေယာဉ် ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်သည့် မြန်မာစစ်အုပ်စုအား အာဆီယံ အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

မြန်မာ့နိုင်ငံအရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြမ်းဖက်မြန်မာစစ်တပ်က အကောင်အထည်မဖော်တာကြောင့် အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့် မွေးနေ့အကြိုဆုတောင်းပွဲနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

တောင်ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့၊ ဂင်မဲတာမီနယ်ရှေ့မှာ လာမယ့် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် မွေးနေ့အကြိုဆုတောင်းပွဲနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရှုတ်ချပွဲကို ပြုလုပ်ခဲ့တယ်လို့ ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။