ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေး တယောက်သေဆုံးသေဆုံးခဲ့ပြီး ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ (၁၀) ရက်နေ့၊ ညနေ ၁ နာရီ ၄၀ မိနစ်အချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်တွေကို အသုံးပြုပြီး လယ်ဒိုစိုးမြို့နယ်၊ မြို့နယ်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။

အဲ့ဒီဘို တိုက်ခိုက်မှုကြောင့် အသက် (၂) နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရပြီး အမျိုးသမီး (၈) ယောက်၊  အမျိုးသား (၁) ယောက်တို့မှာ ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ  လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေနဲ့ အတုယောင်ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ ဒေသတွေကို  ရည်ရွယ်ချင်ရှိရှိနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းက ပြည်သူလူထုတွေကို အကြောက်တရားဖြစ်ပေါ်အောင်လို့ လူနေရပ်ကွက်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား  ဦးတည် တိုက်ခိုက်နေတာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသတွေအတွင်းမှာ ရွေးကောက်ပွဲအကြိုရက်တွေမှာလည်း လေကြောင်း ဗုံးကြဲတာတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ရမ်းသန်းပစ်ခတ်တာတွေကို စစ်တပ်ကနေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရ မှုများကို တွေ့ရစဥ် (KNU)

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပအဖက နှစ်သစ်မှာ စစ်ဘေးရှောင်တွေ၊ CDM တွေနဲ့ စစ်မှုထမ်းမဲပေါက်လို့ ထွက်ပြေးလာသူတွေကို ကူညီထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ အဖွဲ့က ၂၀၂၅ နှစ်သစ်မှာ ပုလဲမြို့နယ်အတွင်း လာရောက်ခိုလှုံနေထိုင်နေတဲ့ မကွေးတိုင်း‌၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးက စစ်ဘေးရှောင်ပြည်သူတွေ၊ CDM ပြုလုပ်ထားသူတွေနဲ့ စစ်မှုထမ်းမဲပေါက်တာကြောင့် ထွက်ပြေးလာသူတွေကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။